စင်ကာပူအခြေစိုက် Crystal Jade စားသောက်ဆိုင်လုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်

စင်ကာပူအခြေစိုက် Crystal Jade စားသောက်ဆိုင်လုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်
Published 15 March 2022

စင်ကာပူအခြေစိုက် Crystal Jade စားသောက်ဆိုင်လုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း အဆိုပါ စားသောက်ဆိုင်လုပ်ငန်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါစားသောက်ဆိုင်လုပ်ငန်းမှာ မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ခြောက်နှစ်တာအကြာ တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတွင် ၂၀၁၇ မှစတင်၍ ဖွင့် လှစ်ထားခဲ့သော Crystal Jade Kitchen Myanmar ရဲ့ ဆိုင်ခန်းများအားလုံးကို အပြီးတိုင်ပိတ်လိုက်ပြီး Crystal Jade Kitchen Brand အား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ယခုလို ၆ နှစ်တာခရီးလမ်းတလျှောက် စဉ်ဆက်မပြတ် အားပေးမှုများအတွက် Crystal Jade Kitchen Myanmar မှ အထူး ကျေးဇူးတင်ရှိပါတယ်” ဟု Crystal Jade Kitchen Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ထုတ်ပြန်ထားသည်။

Crystal Jade Kitchen Myanmar   ပထမဆုံးဆိုင်ခွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ  Terminal 2 နှင့် Sedona Hotel တို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Junction Ction နှင့်  Union Business Centre တို့တွင် ဆိုင်ခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည်။

Crystal Jade ကို Crystal Jade Culi-nary Concept Holding က ပိုင်ဆိုင်ပြီး လွန် ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ကျော်က တည် ထောင်ခဲ့ခြင်းဖြစ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၀၀ ကျော်ခန့် ဖွင့်လှစ်ထားပြီး လစဉ်စားသုံးသူ နှစ်သန်းကျော် ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။

Most Read

Most Recent