ရက်ဒ်ဘူးလ်အသင်းနှင့် တစ်နှစ်လစာ ပေါင်သန်း (၄၀)တန်ကြေးရှိ နှစ်ရှည်စာချုပ်ကို ဗာစတက်ပန် ချုပ်ဆိုခဲ့ပြီး ၂၀၂၈ အထိ သက်တမ်းရှိမည်

ရက်ဒ်ဘူးလ်အသင်းနှင့် တစ်နှစ်လစာ ပေါင်သန်း (၄၀)တန်ကြေးရှိ နှစ်ရှည်စာချုပ်ကို ဗာစတက်ပန် ချုပ်ဆိုခဲ့ပြီး ၂၀၂၈ အထိ သက်တမ်းရှိမည်
Photo: Getty Images
Photo: Getty Images
Published 4 March 2022

လက်ရှိ ဖော်မြူလာဝမ်းပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံဖြစ်သူ ဗာစတက်ပန်သည် ရက်ဒ်ဘူးလ်အသင်းနှင့် တစ်နှစ်လစာ ပေါင်သန်း (၄၀)တန်ကြေးရှိ နှစ်ရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဗာစတက်ပန်သည် ၂၀၂၃ ခုနှစ်အထိ ရက်ဒ်ဘူးလ်အသင်းနှင့် စာချုပ်ကျန်ရှိနေသေးပြီး နောက်ထပ်  (၅)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် လစာအများဆုံး ကစားသမားမှာ မာစီဒီးစ်အသင်း၏ ကားမောင်းသမား လူးဝစ်ဟာမီလ်တန်ဖြစ်ပြီး ဗာစတက်ပန်၏ လစာငွေမှာ ဟာမီလ်တန်ကို လိုက်မီသွားခဲ့ခြင်းလည်း ဖြစ်သည်။

ဗာစတက်ပန်က ''ကျွန်တော် ရက်ဒ်ဘူးလ်အသင်းနဲ့ နှစ်ရှည်စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ၂၀၂၈ ခုနှစ်အထိ နှစ်တွေအကြာကြီး သက်တမ်းတိုးခဲ့တယ်ဆိုပေမဲ့ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် အလွယ်တကူ ချမှတ်ခဲ့တာပါ။ ကျွန်တော် ဒီအသင်းကို အရမ်းချစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့အားလုံး လုပ်ဆောင်ခဲ့ကြတဲ့အရာဟာ မယုံနိုင်စရာ စွမ်းဆောင်မှုလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent