လီဝန်ဒေါစကီးကို ခေါ်ယူရန် အာဆင်နယ်နှင့် အက်သလက်တီကို ပစ်မှတ်ထား

လီဝန်ဒေါစကီးကို ခေါ်ယူရန် အာဆင်နယ်နှင့် အက်သလက်တီကို ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 3 March 2022

ဘိုင်ယန်မြူးနစ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအား ခေါ်ယူရန် အာဆင်နယ်နှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

လီဝန်ဒေါစကီး(၃၃ နှစ်) သည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီးကို စာချုပ်သစ်ချုပ်ဆိုလိုသော်လည်း အဆင်မပြေပါက လာမည့်နွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိနေပြီး ၎င်းကိုခေါ်ယူရန် အာဆင်နယ်နှင့် အက်သလက်တီကိုအသင်းတို့က ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

Most Read

Most Recent