ရုရှားလောင်းကစားကုမ္ပဏီ Fonbet နှင့် စပွန်ဆာကိစ္စ မဖျက်သိမ်းသေးသည့်အတွက် ရီးယဲလ်အသင်း ဝေဖန်ခံရ

ရုရှားလောင်းကစားကုမ္ပဏီ Fonbet နှင့် စပွန်ဆာကိစ္စ မဖျက်သိမ်းသေးသည့်အတွက် ရီးယဲလ်အသင်း ဝေဖန်ခံရ
Photo: Marca
Photo: Marca
Published 3 March 2022

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် အားကစားလောကထိပ်တန်းအဖွဲ့အစည်းများက ရုရှားနိုင်ငံအပေါ် အရေးယူနေချိန်တွင် ရုရှားလောင်းကစားကုမ္ပဏီ Fonbet နှင့်  စပွန်ဆာစာချုပ်ကိစ္စ မဖျက်သိမ်းသေးသည့် ရီးယဲလ်အသင်းမှာ ဝေဖန်ခံနေရကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် Fonbet နှင့် မြင့်မားသည့်ကမ်းလှမ်းမှုဖြင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီထားပြီး လာမည့် ၂၀၂၂-၂၃ ရာသီမှ စတင်၍ စပွန်ဆာသက်တမ်း အသက်ဝင်လာဖွယ်ရှိနေသည်။

စပွန်ဆာစာချုပ်အရ Fonbet ၏ ရုရှားနှင့် ဓနသဟာယနိုင်ငံများတွင် စျေးကွက်ချဲ့ထွင်မှုအစီအစဉ်များတွင် ရီးယဲလ်အသင်း အမှတ်တံဆိပ်ကို တရားဝင်အသုံးပြု ခွင့်ရရှိမည်ဖြစ်သည်။

Fonbet ကို ပိုင်ဆိုင်ထားသူမှာ ရုရှားအစိုးရနှင့် နီးစပ်သည့် အလက်ဇန္ဒားဘာတာကော့ဗ်နှင့် အလက်ဇေးခိုဘော့တ်တို့နှစ်ဦးထဲမှတစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးရှုပ်ထွေးမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရီးယဲလ်နှင့် Fonbet ကြား  စပွန်ဆာကိစ္စဆက်နွယ်မှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

Most Read

Most Recent