ရုရှားနှင့် တွေ့ဆုံနေသောကြောင့် ယူကရိန်းဓားခုတ်အသင်း ပြိုင်ပွဲမှနုတ်ထွက်

ရုရှားနှင့် တွေ့ဆုံနေသောကြောင့် ယူကရိန်းဓားခုတ်အသင်း ပြိုင်ပွဲမှနုတ်ထွက်
Photo: Observador
Photo: Observador
Published 28 February 2022

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားဓားခုတ်ပြိုင်ပွဲ အသင်းလိုက်ဗိုလ်လုပွဲတွင် ယူကရိန်းအသင်းသည် ရုရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းအသင်းသားများသည် နိုင်ငံအလံရောင်ဖြစ်သည့် အဝါရောင်နှင့် အပြာရောင်ကို ဝတ်ဆင်ထားခဲ့ပြီး ပြိုင်ပွဲမှနုတ်ထွက်ကြောင်း ကြေညာပြီးနောက် ''Stop Russia! Stop the War! Save Ukraine! Save Europe!''ဟု ရေးသားထားသည့် စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နိုင်ငံတကာဓားခုတ်အဖွဲ့ချုပ်(FIE) သည် ဆိုချီမြို့တွင် ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တစ်ခုကိုလည်း နောက်ဆုံးနေ့တွင် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အမျိုးသမီး Epee  ပွဲစဉ်တစ်ခုသာ နောက်ဆုံး(၄)ဦးအဆင့်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent