ရိုဒရီ၏ လက်ထိဘောအား ပယ်နယ်တီမပေးခဲ့ခြင်းအတွက် လမ်းပတ် ဒေါသထွက်

ရိုဒရီ၏ လက်ထိဘောအား ပယ်နယ်တီမပေးခဲ့ခြင်းအတွက် လမ်းပတ် ဒေါသထွက်
Photo: Sky Sports
Photo: Sky Sports
Published 28 February 2022

မန်စီးတီးအသင်းကို အိမ်ကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပယ်နယ်တီမရခဲ့ခြင်းအတွက် အဲဗာတန်နည်းပြ လမ်းပတ်က ဒေါသပေါက်ကွဲခဲ့ပြီး ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းပတ်က ရိုဒရီ၏ လက်ထိဘောကို မိမိ၏ (၃)နှစ်သမီးလေးအား မေးလျှင်ပင် ပယ်နယ်တီဟု ပြောနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် VAR ဒိုင်လူကြီး ခရစ္စကာဗာနက်ဂ်၏ အရည်အသွေးမပြည့်မီခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ရိုဒရီ၏ လက်ထိဘောကို ပယ်နယ်တီပေးသင့်ကြောင်း ဂယ်ရီနဗီးလ်ကလည်း Twitter  တွင် ရေးသားခဲ့သည်။

Most Read

Most Recent