ယူကရိန်း၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု တရုတ်နိုင်ငံ ပြောကြား

ယူကရိန်း၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု တရုတ်နိုင်ငံ ပြောကြား
Published 24 February 2022
Ref: AFP

ယူကရိန်းအား တိုက်ခိုက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့ပြီးနောက် သက်ဆိုင်သည့် နိုင်ငံအားလုံးကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန် တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်တွင် တိုက်တွန်းခဲ့သည်။

သို့ရာတွင် စစ်ဆင်ရေး ဆင်နွှဲမှုကို ကျူးကျော် မှုဟု မသုံးနှုန်းသင့်ကြောင်းလည်း တရုတ်နိုင်ငံက ဆိုသည်။

အကြီးစား ထိုးစစ်ဆင်မှုတစ်ရပ် ဆင်နွှဲကြောင်း သမ္မတပူတင်၏ ကြေညာမှုနှင့်အတူ ရုရှားခြေလျင်တပ်ဖွဲ့ဝင်များသည် လည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်မျက်နှာ အသီးသီးမှ ယူကရိန်း နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီး ယူကရိန်း၏မြို့တော် ကိယက်ဗ်တွင် ပေါက်ကွဲသံများ ကြားနေရသည် ဟု သိရသည်။

တရုတ်အနေဖြင့် ယူကရိန်းတွင် ဖြစ်ပွားနေသည့် လတ်တလော အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် သက်ဆိုင်သည့် နိုင်ငံအားလုံးကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် ထိန်းချုပ်မ ရတော့သည့် အခြေအနေမျိုး ဖြစ်မလာအောင် တားဆီးကာကွယ်ရန် တိုက်တွန်းလို ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွင်းယင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ရုရှား၊ ယူကရိန်း ခေါင်းဆောင်များနှင့် ဆက်သွယ်နေခြင်းရှိမရှိ မေးမြန်းမှုများကိုမူ ၎င်းက ဖြေကြားခဲ့ခြင်း မရှိပေ။         

 

Most Read

Most Recent