အာတီတာအား လစာတိုးပေးပြီး (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် အာဆင်နယ်အသင်း စီစဉ်နေ

အာတီတာအား လစာတိုးပေးပြီး (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် အာဆင်နယ်အသင်း စီစဉ်နေ
Photo: Arsenal FC
Photo: Arsenal FC
Published 24 February 2022

အာဆင်နယ်အသင်းသည် အသင်းနည်းပြ အာတီတာအား လစာတိုးပေးပြီး (၃)နှစ်သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

အာတီတာ (၃၉ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ဇွန် (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းကို (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုကာ အသင်းတွင် ဆက်ထိန်းရန် ဆန္ဒရှိနေကြောင်း သိရသည်။

အာတီတာသည် လက်ရှိစာချုပ်အရ တစ်နှစ်လစာ ပေါင် (၅)သန်းရရှိနေပြီး ပြီးခဲ့သည့် ၂၀၂၀ ဧပြီလကတည်းက COVID-19 ကပ်ဘေးကြောင့် လစာ၏ (၂၀)ရာခိုင်နှုန်းကို လျှော့ယူခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ယခုအခါ အာတီတာကို လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

The Sun ၏ ဖော်ပြမှုအရ အာဆင်နယ်အသင်းသည် အာတီတာကို တစ်နှစ်လစာ ပေါင် (၈.၃)သန်းအထိ ပေးချေကာ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါလစာပမာဏမှာ ၂၀၁၈ ခုနှစ်က အာစင်ဝင်းဂါးရရှိခဲ့သည့်ပမာဏ ဖြစ်ကြောင်းလည်း သိရသည်။ 

Most Read

Most Recent