ညအချိန် ရဟတ်ယာဉ်အသုံးပြု စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင်ကို ရှင်းလင်းနိုင်ခဲ့ဟု သမ္မတဂျိ်ုးဘိုင်ဒင် ပြောကြား

ညအချိန် ရဟတ်ယာဉ်အသုံးပြု စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင်ကို ရှင်းလင်းနိုင်ခဲ့ဟု သမ္မတဂျိ်ုးဘိုင်ဒင် ပြောကြား
ဆီးရီးယားတွင် အမေရိကန်ကလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးအကြောင်း အိမ်ဖြူတော်မှရှင်းလင်းပြောကြားနေသည့်သမ္မတဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၃ ရက်က တွေ့စဉ်
ဆီးရီးယားတွင် အမေရိကန်ကလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးအကြောင်း အိမ်ဖြူတော်မှရှင်းလင်းပြောကြားနေသည့်သမ္မတဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၃ ရက်က တွေ့စဉ်
Published 4 February 2022
  Ref: AFP              

ညအချိန်တွင် ရဟတ်ယာဉ်ဖြင့် အလွန့်  အလွန်ခက်ခဲသော စီးနင်းမှုအတွင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ဆီးရီးယားတွင် ပုန်းအောင်းနေသည့် IS ခေါင်းဆောင်ကို   အလစ်အငိုက်ဖမ်းဆီးခဲ့ရာ IS ခေါင်းဆောင် မှာ သူ့ကိုယ်သူဖောက်ခွဲ၍ အဆုံးစီရင်သွားသဖြင့် ကမ္ဘာအတွက် အကြမ်းဖက်ခြိမ်းခြောက် မှုတစ်ခုကို ရှင်းလင်းလိုက်သည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ထုတ် ဖော်ပြောကြားခဲ့သည်။

မိမိလူများအတွက် အလွန့်အလွန် အန္တ ရာယ်ကြီးမားသော်လည်း အရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် လေကြောင်း ထိုးစစ်အစား အလစ်အငိုက် ဝင်ရောက်စီးနင်းရန် ဘိုင်ဒင်က အမေရိကန်အထူးတပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှု မရှိဟုဆိုသည်။

၂၀၁၉ ခုနှစ်တုန်းကလည်း အလားတူ ဆီးရီးယားနိုင်ငံ၏ အစ်ဒလစ်ဒေသ၌ အမေရိကန် ကွန်မန်ဒိုများ၏ စီးနင်းမှုအတွင်း ထင်ရှားသော IS ခေါင်းဆောင် အဘူဘာခါ အယ်လ်ဘာဒါဝီ သေဆုံးခဲ့ပြီးနောက်ပိုင်း အဘူအီဘရာဟင်အယ်လ်ဟာရှီမီ အယ်လ်-ကူရာရှီသေဆုံးမှုသည်IS အုပ်စုအတွက် ကြီး မားသော ဆုတ်ယုတ်မှု ဖြစ်သည်။

“မနေ့ညက စစ်ဆင်ရေးဟာ အရေးပါတဲ့အကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို စစ်မြေပြင်ကနေ ရှင်းလင်းပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းက အကြမ်းဖက် သမားတွေကို ခိုင်ခိုင်မာမာသတင်းစကား ပါးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေကို နောက်ကိုလိုက် နေတယ်။ခင်ဗျားတို့ကိုရှာနေတယ်ဆိုတဲ့ သတင်းစကားကို ပါးလိုက်တာဖြစ်ပါတယ်” ဟု ဘိုင်ဒင်က အိမ်ဖြူတော်ရှိ ရုစဗဲ့ခန်းမမှ ပြောကြားခဲ့သည်။

အတ်တမီးမြို့တွင်  ညအချိန် ပစ်မှတ်ထားခဲ့သော အိမ်၌ ကလေးများအပါအဝင် မိသားစုများရှိနေသည်ဟု ဘိုင်ဒင်က ပြော ကြားခဲ့သည်။

အကြမ်းဖက်သမားကို လက်ရဖမ်းဆီးရန်အမေရိကန်တပ်ဖွဲ့များ ချဉ်းကပ်သွားသည့်အခါ ယင်းအကြမ်းဖက်သမားသည် အိမ်ထဲရှိ မိသားစုဝင်များနှင့် အခြားသူများ အသက်ကို အလေးမထားဘဲ ကြံမိကြံရာသူ ရဲဘောနည်းဖြင့် သူ့ကိုယ်သူ ဖောက်ခွဲပစ်ခဲ့ သည်ဟု ဘိုင်ဒင်က ဆက်လက်ပြောကြားခဲ့ သည်။

ကူရာရှီသည် အပေါ်ထပ်တစ်ခုလုံးကို ဖောက်ခွဲပစ်ခဲ့ရာ သူနှင့် အတူ သူ့မိသားစုဝင် အချို့သေဆုံးသွားခဲ့သည်ဟုဆိုသည်။

ကူရာရှီသည် အမေရိကန်စစ်သားများကို တိုက်ခိုက်ခြင်းမပြုခဲ့သော်လည်း စစ်သားများက လက်နက်ချရန် ပြောသည့်အခါ ဗုံးကို ဖောက်ခွဲခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကွဲ ရေးဌာနအကြီးအကဲ ဗိုလ်ချုပ်ကန်းနက်မက္ကင် ဇီက ပြောကြားခဲ့သည်။

ထို့ကြောင့် ကွန်ကရစ်တုံးများဖြင့် ဆောက်ထားသောသုံးထပ်အဆောက်အအုံ တွင် ပြတင်းပေါက်ဘောင်များ ပျက်စီးခြင်း၊ မျက်နှာကြက် လောင်သွားခြင်း၊ ခေါင်မိုး တစ်စိတ် တစ်ပိုင်းပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်အစိုးရသည် ကူရာရှီအ ကြောင်းသတင်းပေးသူကို ဆုငွေ ဒေါ်လာ ၁၀ သန်းပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ကူရာရှိသည် အီရတ်နိုင်ငံသားဖြစ်၍ အေမာမိုဟာမက်ဆာအစ်အဗ္ဗအယ်လ်ရာမန်အယ်- မောလာဟုလည်း လူသိများသည်။

ယင်းစစ်ဆင်ရေးကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ရာ ထိုအထဲတွင် ကလေး လေးဦး၊ အရပ်သား ခုနစ်ဦးပါဝင်သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်မှုအ ဖွဲ့က ပြောကြားသည်။ အနည်းဆုံးအရပ်သား သုံးဦးသေဆုံးသည်ဟု ပင်တဂွန်က ပြောကြား ခဲ့သည်။ 

                           

Most Read

Most Recent