ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ Video Conferencing ဖြင့်တွေ့ဆုံ၍  အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့စေလွှတ်သွားမည့် အခြေအနေများအပါအဝင် အခြားကိစ္စရပ်များဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ Video Conferencing ဖြင့်တွေ့ဆုံ၍  အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့စေလွှတ်သွားမည့် အခြေအနေများအပါအဝင် အခြားကိစ္စရပ်များဆွေးနွေး
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ Video Conferencingဖြင့် တွေ့ဆုံဆွေးနွေးစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ Video Conferencingဖြင့် တွေ့ဆုံဆွေးနွေးစဉ်
Published 27 January 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ Video Conferencing ဖြင့်တွေ့ဆုံ၍ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အခြေအနေများအပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်  Samdech Akka Moha Sena Padei Techo HUN SEN နှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ပါဝင်ဆောင်ရွက်နေမှုနှင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်းအကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအခြေအနေများနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်လာရောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။