၁၁၃ ကြိမ်မြောက် တရုတ်-မြန်မာ-လာအို-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

၁၁၃ ကြိမ်မြောက် တရုတ်-မြန်မာ-လာအို-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်
Published 19 January 2022

၁၁၃ ကြိမ်မြောက် တရုတ်-မြန်မာ-လာ အို-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ-လာ အို-ထိုင်း လေးနိုင်ငံ၏ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် နှစ်စင်းသည် ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီတွင် ယူနန်ပြည်နယ် တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ကျင်ဟာဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။

လေးနိုင်ငံ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုတွင် စုစုပေါင်းအကွာအဝေး ကီလိုမီတာ ၆၀၀ ကျော် မောင်းနှင်သွားလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းလှုပ်ရှားမှု မတိုင်မီ တရုတ်-မြန်မာ-လာအို-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ညွှန်ကြားရေးအရာရှိများ အစည်းအဝေး၊ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေးအခြေအနေ သုံးသပ်ခြင်း အစည်းအဝေးများကို ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ယခုကာလ မြစ်ဝှမ်းဒေသ တရားဥပဒေစိုးမိုးရေးနှင့် ကပ်ရောဂါ အခြေအနေများကို အတူသုံးသပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေးအစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကာလအတွင်း လေးနိုင်ငံ ဥပဒေစိုးမိုးရေးရေယာဉ်များနှင့် အဖွဲ့ဝင်များက မဲခေါင်းမြစ်ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ကာ ထိတွေ့မှုမရှိသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ဝှမ်းတစ်လျှောက်ရှိ တရားမဝင် ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent