NUG တာဝန်ပေးမှုအရ ရန်ကုန်မြို့အတွင်း ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် SOF အဖွဲ့များ  ထောက်ပံ့ရေးကိစ္စများအား တာဝန်ယူခဲ့ရကြောင်း ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်ပါဝင်သော ရုပ်သံဖိုင်အား နစက ထုတ်ပြန်

NUG တာဝန်ပေးမှုအရ ရန်ကုန်မြို့အတွင်း ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် SOF အဖွဲ့များ  ထောက်ပံ့ရေးကိစ္စများအား တာဝန်ယူခဲ့ရကြောင်း ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်ပါဝင်သော ရုပ်သံဖိုင်အား နစက ထုတ်ပြန်
Published 14 January 2022

NUG တာဝန်ပေးမှုအရ ရန်ကုန်မြို့ အတွင်း ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် SOF အဖွဲ့များ ပုန်းခိုရေးအပါအဝင် ထောက်ပံ့ရေးကိစ္စများအား တာဝန်ယူခဲ့ရကြောင်း ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက် ပါဝင်သော ရုပ်သံဖိုင်ကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါရုပ်သံဖိုင်တွင် ဦးဖြိုးဇေယျာသော်၏ ပြောကြားချက်အရ ၎င်းအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လအကုန်တွင် ဦးရည်မွန်မှ အာဏာရှင်စနစ်ဆန့်ကျင်ရာတွင် လက်နက်ကိုင်လမ်းစဉ်သည်လည်း ပစ်မထားသင့်သည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် လက်နက်ကိုင်တော်လှန်ရန်အတွက်လူငယ်များ စေလွှတ်ပေးရန် စေခိုင်းခဲ့ကြောင်း၊ ဦးရည်မွန်၏ စေခိုင်းချက်အရ ၎င်းနှင့် ကိုဒီငြိမ်းလင်း (ခ) ဒေဝတို့သည် လူငယ်အယောက် ၁၀၀ ခန့်အား ငါးသုတ်ခွဲ၍ KNU နယ်မြေများတွင် လက်နက်ငယ်သင်တန်းနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။

“NUG ရဲ့ တာဝန်ပေးအပ်မှုအရ ကျွန်တော့်အနေနဲ့ SOF တပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ ပုန်းခိုရန်နေရာ ကိစ္စရပ်တွေ၊ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်း အစရှိသဖြင့် ဒါတွေကို ထောက်ပံ့ပေးဖို့အတွက်ကိုတော့ ကျွန်တော့်အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုအနေနဲ့ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံး၊ EPC၊ ကညန၊ CCTV အစရှိသဖြင့် ဒီနေရာတွေကိုပဲ ဖောက်ခွဲဖျက်ဆီးဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်ထားခဲ့ကြတာပါ။ နောက်ပြီးသွားတော့ ပြည်သူတွေ ထိတ်လန့်တုန်လှုပ်ဖို့အတွက်ရယ်၊ ဒီဟာတွေအတွက်ကိုလည်း ဖောက်ခွဲရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလကနေစပြီးတော့ ဖောက်ခွဲရေးလုပ်ငန်းပေါင်း၊ စုစုပေါင်း ၁၇၈ ကြိမ်ပါ။ CCTV ကင်မရာတွေကိုလည်း ဖောက်ခွဲဖျက်ဆီးတဲ့အနေနဲ့ လုပ်ကိုင်ဆောင် ရွက်ခဲ့ကြပါတယ်”ဟု ဦးဖြိုးဇေယျာသော်က ထွက်ဆိုခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင်းသို့ လက်နက်များတင်သွင်းရာ၌ တာဝန်ခံအဖြစ်လုပ် ကိုင် ဆောင်ရွက်ပေးသည့် ကိုနေလ (ခေါ်) ကိုဇင်ဦးအောင်၏ပြောကြားချက်များ အရ လက်နက်များကိုဖြုတ်၍ အစိတ်အပိုင်းများအား မီးစက်များ၊ ဂတ်စ်အိုးများ၊ အောက်စီဂျင်အိုးများ၊ ထမင်းပေါင်းအိုး၊ ဆောင်းဘောက်စ်၊ ဂီယာဘောက်စ်၊ ငပိပုံး စသည်တို့တွင် ထည့်သွင်းမြှုပ်နှံ၍ Express ကားများနှင့် ပစ္စည်း သယ်ယူသည့်ကားများအသုံးပြု၍ ပို့ဆောင် သည်ကို သိရှိခဲ့ရကြောင်း ဦးဖြိုးဇေယျာသော်က ထွက်ဆိုထားသည်။

“ပျံလွှားအောင် စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၁၀ ရက်က နေစပြီးတော့ အောက်တိုဘာလအကုန်အထိ ဆိုလို့ရှိရင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုအနေနဲ့ဆို လို့ရှိရင် ၁၁ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှုအနေနဲ့ ဆိုရင် ၁၀ ကြိမ်၊ ဒီဟာကိုတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။ လုပ်ကိုင်ဆောင် ရွက်တဲ့အခါမှာဆိုလို့ရှိရင်တော့ စစ်ရေးဆိုင်ရာပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်”ဟု ဦးဖြိုးဇေယျာသော်က ရုပ်သံဖိုင်တွင် ထွက်ဆိုခဲ့သည်။

ဦးဖြိုးဇေယျာသော်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာရှိ တိုက်ခန်းတစ်ခန်းအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ထွက်ဆိုချက်များအရ ရန်ကုန်မြို့အတွင်း လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။                                         

Most Read

Most Recent