ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်လာပြီဟု ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူးတိုက်စစ်မှူး ပီယွန်တက်ခ် ကြွေးကြော်

ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်လာပြီဟု ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူးတိုက်စစ်မှူး ပီယွန်တက်ခ် ကြွေးကြော်
Photo: Getty Images
Photo: Getty Images
Published 12 January 2022

 

ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူး ပီယွန်တက်ခ်က ၎င်းသည်လက်ရှိအချိန်တွင် ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်လာပြီဟု ကြွေးကြော်ခဲ့သည်။ 

ဂျီနိုအာနှင့် အေစီမီလန်အသင်းများတွင် ကစားဖူးသည့် ပီယွန်တက်ခ်သည် (၆)လအငှားစာချုပ်ဖြင့် ဖီအိုရင်တီးနားအသင်းသို့ ရောက်ရှိလာပြီး ရာသီကုန်ဆုံးချိန်တွင် ယူရို (၁၅)သန်းမှ (၁၆)သန်းဖြင့် အပြီးသတ်ခေါ်ယူဖွယ်ရှိသည်။ 

ပီယွန်တက်ခ်က "ဂျီနိုအာက ကျွန်တော့်နှလုံးသားထဲ ရှိနေမှာပါ။ ဒါပေမဲ့ ဖီအိုရင်တီးနားနဲ့အတူ ပိုပြီး ကောင်းမွန်တဲ့စီမံကိန်းတွေ ကျွန်တော်ရင်ဆိုင်ရပါတော့မယ်။ ကျွန်တော်က ပိုတိုးတက်လာပြီး ဖီအိုရင်တီးနားအတွက် ဂိုးတွေသွင်းပြီး အောင်ပွဲခံချင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ပီယွန်တက်ခ်သည် ဖီအိုရင်တီးနားအသင်းတွင် ကြယ်ပွင့်တိုက်စစ်မှူး ဗလာဟိုဗစ်နှင့် နေရာလုရဖွယ် ရှိနေကြောင်း သိရသည်။ 

 

Most Read

Most Recent