FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 9 January 2022

လီဗာပူးလ် - ရှရူးဘူရီ (တနင်္ဂနွေည ၈း၃၀ နာရီ)

ရှရူးဘူရီက League One မှာ အမှတ်ပေးဇယားအလယ် ကို ရောက်နေတယ်။ နောက်ပိုင်းပွဲတွေမှာတော့ ရလဒ်ပိုင်း အား ကောင်းနေတာတွေ့ရတယ်။ လီဗာပူးလ်ကလည်း နောက်ပိုင်းပွဲ တွေမှာ ရလဒ်ပိုင်းကျဆင်းနေပြီး အမှတ်တွေလျော့နေတာ တွေ့ ရတယ်။ ဒါပေမဲ့ ပွဲကျပ်တဲ့အချိန်နဲ့ ခြေအနည်းငယ်ကျချိန် တိုက် ဆိုင်နေခြင်းကြောင့်သာဖြစ်ပြီး အသင်းငယ်လေးတွေကို အနိုင် ယူဖို့ မခက်ပါဘူး။ ဒီပွဲမှာ ဆာလာ၊ မာနေတို့လို အဓိကကစား သမားတွေ မပါဝင်နိုင်သလို၊ တခြားအဓိကကစားသမားတွေကို လည်း အနားပေးထားလိမ့်မယ်။ ဂိုးပြတ်နိုင်မယ်။ 

စပါး - မိုကမ်ဘီ (တနင်္ဂနွေည ၈း၃၀ နာရီ)

မိုကမ်ဘီက League One မှာ ဇယားအောက်ပိုင်းရောက် နေတဲ့အသင်းဖြစ်ပြီး ရလဒ်ပိုင်းကလည်း ကျဆင်းနေတယ်။ ဒီ နှစ်သင်း သမိုင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး အစဉ် အလာ၊ အတွေ့အကြုံ၊ လူအင်အား ကွာခြားလွန်းတယ်။ လန်ဒန် မြေမှာ ကစားရမယ့်ပွဲလည်းဖြစ်နေလို့ စပါးအတွက် အရမ်းလွယ် ကူတဲ့ပွဲလို့ ပြောရမယ်။ စပါးအသင်းက ဒီပွဲမတိုင်ခင် ချယ်လ်ဆီး အသင်းနဲ့ ပွဲကျပ်ကစားထားပြီး ပွဲလည်း ပန်းထားနိုင်ခြေရှိပေမဲ့ ဒီပြိုင်ပွဲအတွက် လုံလောက်တဲ့ လူအင်အားမျိုးရှိပါတယ်။ စပါးပဲ လွယ်လွယ်ကူကူနိုင်မယ်။ 

ဝုလ်ဗ် - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၈း၃၀ နာရီ)

၂၀၁၉-၂၀ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ မထင်မှတ် တာတွေလုပ်ပြခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ တန်းဆင်းသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းက ဒီရာသီမှာတော့ လိဂ်ချန်ပီယံ ရှစ်မှာ ခြေစွမ်းပြနေတာတွေ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပြီး ရှုံးပွဲမရှိတာလည်း ကြာပြီ။ ဒါပေမဲ့ ဝုလ်ဗ်အသင်းရဲ့ကွင်းမှာ ကစားရမယ့် ဒီပွဲကတော့ ရှက်ဖီးယူ နိုက်တက်အတွက် ကံဆိုးတယ်လို့ပဲ ပြောရမယ်။ ဝုလ်ဗ်ကို ယှဉ် ကစားနိုင်မယ်မထင်ဘူး။ 

ဝက်စ်ဟမ်း  -  လိဒ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ရလဒ်တွေကျဆင်းနေတဲ့ လိဒ်စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပုံစံကောင်းပြပြီး ဘန် လေအသင်းကို အနိုင်ရခဲ့တယ်။ ဝက်စ်ဟမ်းကလည်း ရလဒ်တွေကျဆင်းနေပြီးမှ ဝက်ဖို့ဒ်၊ ပဲလေ့စ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့တယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိပြီး နှစ်သင်းစ လုံးက ဂိုးတွေသွင်း၊ ဂိုးတွေလည်း ပေးနေတဲ့အသင်းတွေပါ။ ဝက်စ်ဟမ်းအတွက် အားသာ ချက်က ခြေစွမ်းတင်မဟုတ်ဘဲ အိမ်ကွင်းလည်းဖြစ်နေလို့ ဝက်စ်ဟမ်းကို ကြိုက်တယ်။ 

ချာလ်တန် - နောဝစ်ချ် (တနင်္ဂနွေည ၈း၃၀ နာရီ)

တစ်ချိန်က ပရီးမီးယားလိဂ် အသင်းကောင်းတစ်သင်း ဖြစ်တဲ့ ချာလ်တန်က အခုတော့ တော်တော်အခြေအနေဆိုးနေ ပါပြီ။ နောဝစ်ချ်ကလည်း ပရီးမီးယားလိဂ်ကနေ တန်းပြန်ဆင်း မယ့်အသင်းမျိုးဖြစ်တယ်။ သရေကျနိုင်တယ်။ 

နော်တင်ဟမ် - အာဆင်နယ် (တနင်္ဂနွေည ၁၁း၄၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က လိဂ်ချန်ပီယံရှစ်က အသင်း ကောင်းတစ်သင်းဖြစ်ပြီး အမှတ်ပေးဇယားရဲ့အလယ်အထက် နားမှာ ရပ်တည်နေတယ်။ ရလဒ်တောက်လျှောက်ကောင်းခဲ့ပြီး မှ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာတော့ မစ်ဒယ်ဘရော့နဲ့ ဟတ်ဒါ ဖီးလ်တို့ကို ရှုံးခဲ့တယ်။ အာဆင်နယ်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံကို ပြသနေပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာလည်း ဥရောပအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အကြိတ်အနယ်ကစား နိုင်ခဲ့တာတွေ့ရတယ်။ အာဆင်နယ်ကို ကြိုက်တယ်။ 

လူတန် - ဟာရိုးဂိတ် (တနင်္ဂနွေည ရး၀၀ နာရီ)

စတုတ်စီးတီး - လေတန် (တနင်္ဂနွေည ၈း၃၀ နာရီ)

ကာဒစ်ဖ် - ပရက်စတန် (တနင်္ဂနွေည ၈း၃၀ နာရီ)

Most Read

Most Recent