■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်
Published 7 January 2022

ဆွင်ဒန်တောင်း - မန်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် နံနက် ၂:၃၀ နာရီ)



ဆွင်ဒန်နဲ့ မန်စီးတီးက အဆင့်အတန်းချင်း အရမ်းကွာတယ်။ မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်း၊ အဆင့်အတန်း၊ အင်အားက အင်္ဂလန်မှာတင်မဟုတ်ဘဲ ဥရောပရဲ့ အကောင်းဆုံးတန်းဝင်အသင်းတစ်သင်းမျိုးဖြစ်နေတယ်။ ဆွင်ဒန်လို အောက်တန်းကအသင်းတစ်သင်းကို အရန်ကစားသမားအုပ်စုနဲ့တင် အနိုင်ကစားလို့ရတယ်။ ဆွင်ဒန်က League Two မှာ အဆင့် (၅)နေရာ ရပ်တည်နေပေမဲ့ နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေတယ်။ မန်စီးတီးလိုအသင်းမျိုးကို အိမ်ကွင်းမှာ ခံကစားရလည်း ဆွင်ဒန်အနေနဲ့ အများကြီး မျှော်လင့်လို့ရမှာမဟုတ်ဘူး။ အတတ်နိုင်ဆုံး ပိတ်ဆို့ကစားမှာဖြစ်ပေမဲ့ အချိန်တန်ရင် ဂိုးတွေပေးရပါလိမ့်မယ်။ မန်စီးတီး နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာပြီး ဂိုးဘယ်လောက်သွင်းမလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ့် အနေအထားလည်းဖြစ်တယ်။ 

Most Read

Most Recent