ပိုင်ရှင်သစ်မရှာနိုင်ပါက ဇန်နဝါရီ (၁)ရက်တွင် စီးရီးအေပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်ဟု ဆလာနီတာနာအသင်းကို ဂရာဗီနာ သတိပေး

ပိုင်ရှင်သစ်မရှာနိုင်ပါက ဇန်နဝါရီ (၁)ရက်တွင် စီးရီးအေပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်ဟု ဆလာနီတာနာအသင်းကို ဂရာဗီနာ သတိပေး
Photo: iftv
Photo: iftv
Published 23 December 2021

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဋ္ဌ ဂရာဗီနာက ဒီဇင်ဘာ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ပိုင်ရှင်သစ်ရှာရန် ဆလာနီတာနာအသင်းကို သတိပေးခဲ့ပြီး မရှာနိုင်ပါက ၂၀၂၂ ဇန်နဝါရီ (၁)ရက်တွင် စီးရီးအေပြိုင်ပွဲ မှထုတ်ပယ်ခံရမည်ဟု အတည်ပြုပောကြားခဲ့သည်။

ဆလာနီတာနာအသင်းသည် (၂၃)နှစ်အကြာတွင်မှ ပထမဆုံးအကြိမ်အဖြစ် ယခုရာသီတွင် စီးရီးအေပြိုင်ပွဲသို့ တန်းတက်ခွင့်ရခဲ့ပြီး အသင်းပိုင်ရှင် လော့တီတိုမှာ အခြားစီးရီးအေကလပ်အသင်းတစ်သင်းဖြစ်သည့် လာဇီယိုအသင်းကိုလည်း ပိုင်ဆိုင်ထားသည်။

အီတလီနိုင်ငံတွင် လိဂ်ပြိုင်ပွဲစည်းမျဉ်းအရ အသင်းပိုင်ရှင်တစ်ဦးတည်းပိုင်သည့် အသင်းများအနေဖြင့် လိဂ်တစ်ခုတည်းတွင် ယှဉ်ပြိုင်ခွင့်မရှိကြောင်း သိရှိရသည်။

ထို့ကြောင့် FIGC ဥက္ကဋ္ဌ ဂရာဗီနာသည် ဆလာနီတာနာအသင်း စီးရီးအေပြိုင်ပွဲသို့ တန်းတက်ခွင့်ရကတည်းက အသင်းကိုရောင်းချရန် ဆလာနီတာနာနှင့် လာဇီယိုအသင်းပိုင်ရှင် လော့တီတိုအား သတိပေးခဲ့သည်။

သို့သော် ဆလာနီတာနာအသင်းအနေဖြင့် အသင်းကိုရောင်းချနိုင်ခြင်း မရှိသေးသဖြင့် ဂရာဗီနာက ယခုကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

၎င်းက ''ဆလာနီတာနာအသင်းအနေနဲ့ ဒီဇင်ဘာ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး အသင်းပိုင်ရှင်သစ်ရှာရမှာပါ။ မရှာနိုင်ဘူးဆိုရင် ဇန်နဝါရီ (၁)ရက်မှာ သူတို့ကို စီးရီးအေပြိုင်ပွဲက ထုတ်ပယ်မှာပါ။ ကျွန်တော် ဒါကို မေလကတည်းက သတိပေးပြီးသားပါ''ဟုဆိုခဲ့သည်

Most Read

Most Recent