ီဇင်ဘာလဆန်းမှစတင်၍ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကို အသုံးပြု၍ အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ထုတ်ပြန်

ီဇင်ဘာလဆန်းမှစတင်၍ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကို အသုံးပြု၍ အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ထုတ်ပြန်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအဆောက်အအုံကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအဆောက်အအုံကို တွေ့ရစဉ်
Published 11 December 2021

ဒီဇင်ဘာလဆန်းမှ စတင်၍ တစ်ဦးချင်း ပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကို အသုံးပြု၍အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၁ ရုံးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးငါးရုံးတို့တွင် အခွန်ထမ်းဆောင်လျက်ရှိသော တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကိုအသုံးပြု၍ ပြည်တွင်းအခွန်ဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm ၏ Start Your Tax Online Payment မှတဆင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်သည်။

MPU Debit Card ကို အသုံးပြု၍ အခွန်ပေးသွင်းပြီးပါက စနစ်မှအခွန်ပေးသွင်းသူထံသို့ Transaction Successful ဖြစ်ကြောင်း E-mail ကနဦးပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလက်ခံရရှိပြီးဖြစ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထား (ပတခ (e-payment)) ကို အခွန်ထမ်းသို့ ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနသည် အခွန်ပေးဆောင်မှုအဆင့်များတွင် လွယ်ကူစေရန် ရည်ရွယ်၍အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးဆောင်ခြင်းကို အီလက်ထရွန်နစ် ငွေပေးချေမှုနည်းလမ်းများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေပေးချေမှုကွန်ယက်စနစ် CBM-Net မှတဆင့်လည်းကောင်း၊ MPU Debit Card ကိုအသုံးပြု၍ အွန်လိုင်းမှလည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်း၊ MPU E-Commerce ကို အသုံးပြု၍ ငွေပေးချမှုနည်းလမ်းစသည့် အီလက်ထရွန်နစ် ငွေပေးချေမှုနည်းလမ်းများဖြင့် အခွန်ပေးဆောင်နိုင်ရန် အဆင့်လိုက် ဆောင်ရွက်ထားကြောင်း သိရသည်။

အခွန်ထမ်းအနေဖြင့် အီလက်ထရွန်နစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့လည်းကောင်း၊ ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇ - ၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁  နှင့် သက်ဆိုင်ရာ အခွန်ရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၆၃၁၄၇၃၃ ဒသမ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင်ရ၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစ က်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ်၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။