၂၀၂၁-၂၀၂၂ (Mini Budget) တစ်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ မတ်ပဲ တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇၅ သန်းကျော်ရရှိခဲ့ခြင်းဖြစ်

၂၀၂၁-၂၀၂၂ (Mini Budget) တစ်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ မတ်ပဲ တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇၅ သန်းကျော်ရရှိခဲ့ခြင်းဖြစ်
Published 8 December 2021

၂၀၂၁-၂၀၂၂  (Mini Budget) တစ်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ် မှတစ်ဆင့် ပြည်ပသို့ မတ်ပဲတင်ပို့မှုမှ ဒေါ် လာ ၇၇ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇၅ သန်း ကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ် မှတဆင့် ပြည်ပသို့ ပဲမျိုးစုံ ၁၆၉၈၂၇ တန် ကျော် တင်ပို့မှုမှ ဒေါ်လာ၁၄၄ ဒသမ ၀၀၄ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ၁၆၀၇၉၂ ဒသမ ၅၃၇ တန်တင်ပို့မှုမှ ဒေါ်လာ၁၃၅ ဒသမ၅၄၆ သန်း၊ နယ်စပ်မှ ၉၀၃၄ ဒသမ ၈၂၆ တန်တင် ပို့မှုမှဒေါ်လာ ၈ ဒသမ၄၅၈သန်းဖြင့် စုစုပေါင်းတန်ချိန် ၁၆၉၈၂၇ ဒသမ ၃၆၃တန် တင် ပို့မှုမှဒေါ်လာ ၁၄၄ ဒသမ ၀၀၄ သန်း ရရှိ ခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း မှ ဒေါ်လာ ၉၆၆ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅ရဝဒသမ ၇၀၇ သန်းရရှိခဲ့သည်။

အိန္ဒိယအစိုးရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်း ကို နှစ်စဉ်ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MOU လက် မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း)အား GtoG လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အ လှန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏ နှင့်စားသုံးမှုလိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့်ပဲစင်းငုံ ကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာ နှင့် အိန္ဒိ ယ နှစ်နိုင်ငံအကြား GtoG အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေး ထိုးခဲ့ပြီးကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတဆင့်လာမည့် ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီမှမတ်လ)အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ G to G MOU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အားထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိ မည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင် ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင် ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုး မှု ၃၅ ရာခိုင်နှုန်းကျော်ရှိ သည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအားနှစ် စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင် နှုန်း ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ် လုပ် လျက်ရှိသည်။

Most Read

Most Recent