၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုကြေးများကို ၂၀၁၈ ပြိုင်ပွဲကအတိုင်း ပေးအပ်မည်

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုကြေးများကို ၂၀၁၈ ပြိုင်ပွဲကအတိုင်း ပေးအပ်မည်
Photo: AFF
Photo: AFF
Published 6 December 2021

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့်ဆုကြေးများကို အပြောင်းအလဲပြုလုပ်မည်မဟုတ်ဘဲ ၂၀၁၈ ပြိုင်ပွဲကအတိုင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

AFF သည် လက်ရှိကျင်းပနေသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲမည့် ချန်ပီယံအသင်းအား ဆုကြေးအမေရိကန် ဒေါ်လာ (၃)သိန်း၊ ဒုတိယရအသင်းအား ဒေါ်လာ (၁)သိန်းနှင့် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သည့် အသင်း (၂) သင်းအား ဒေါ်လာ (၅)သောင်းစီ ပေးအပ်သွားမည်ဖြစ်သည်။

AFF သည် ပြိုင်ပွဲ Title Sponsor ဖြစ်သည့် ဆူဇူကီးမော်တာကော်ပိုရေးရှင်းနှင့်၂၀၀၈ ခုနှစ်ကတည်းက လက်တွဲခဲ့ခြင်းဖြစ်သည်။

AFF သည် ဆူဇူကီးမော်တာကော်ပိုရေးရှင်းနှင့်လက်တွဲပြီးနောက်ပိုင်းမှစ၍ ၂၀၀၈ နှင့်၂၀၁၀ ပြိုင်ပွဲနှစ်ကြိမ်တွင် ချန်ပီယံဆု ဒေါ်လာ (၁) သိန်း၊ ဒုတိယဆု ဒေါ်လာ (၅၀၀၀၀)၊ ၂၀၁၂ မှ ၂၀၁၆ ပြိုင်ပွဲအထိ (၃)ကြိမ်ကို ချန်ပီယံဆု ဒေါ်လာ (၂)သိန်း၊ ဒုတိ ယဆု ဒေါ်လာ (၇၅၀၀၀) ပေးအပ်ခဲ့သည်။

AFF သည် ၂၀၁၈ ပြိုင်ပွဲမှစ၍ ဆုကြေးငွေများတိုးမြှင့်ခဲ့ပြီး ချန်ပီယံဆု ဒေါ်လာ (၃)သိန်း၊ ဒုတိယဆုဒေါ်လာ (၁)သိန်းနှင့် ဆီမီး ဖိုင်နယ်ရောက် (၂) သင်းအား ဒေါ်လာ (၅)သောင်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent