မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၁၆ ရက်အထိ COVID-19 ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ စုစုပေါင်း ၁၀ သန်းကျော်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၁၆ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၁၀၀၂၉၆၇၀ (၁၀ ဒသမ ၀၂ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသူ ၅၀၁၃၆၇၈ ဦး (၅ ဒသမ ၀၁ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၅၀၄၃၃၄၈ (၁၅ ဒသမ ၀၄ သန်း)နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၅ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။
နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယခုနှစ်ကုန်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံ နိုင်ရန် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ရာခိုင်နှုန်း ၇၀ ထိုးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဝယ်ယူချုပ်ဆိုထားသည့် COVID-19 ရောဂါကာကွယ်ဆေး Sinopharm ၂၄ သန်းစလုံး မြန်မာနိုင်ငံသို့ ရောက် ရှိထားပြီး ယင်းရောက်ရှိလာသည့် ကာကွယ်ဆေးများနှင့် ယခင်လက်ကျန်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ဒီဇင်ဘာလအတွင်း ရည်မှန်းဦးတည်အုပ်စုများ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေး မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအတွက်လည်း ရရှိရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ ရက်အထိ ကာကွယ်ဆေး ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော Covishield နှစ်သန်း၊ Sinopharm ၂၄ သန်း၊ Sinovac သုံးသန်းနှင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို ယခင် အသက် ၅၅ နှစ်အထက် အသက်အရွယ်များကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး နေရာမှ ယခု ၁၀ နှစ်လျှော့ချ၍ အသက် ၄၅ နှစ် အထက်အရွယ်များကို အောက်တိုဘာ ၁၇ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည် အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် အသက် ၅၅ နှစ် နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင် သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိ ကြောင်းနှင့် လက်ရှိ အသက် ၄၅ နှစ်အထက် အသက်အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ လမှစ၍ COVID-19ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် မိမိအတွက် ရရှိ လာသည့် COVID-19 ရောဂါ ကာကွယ်ဆေး ကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူ ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိ ထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအ တွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ် များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွ စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်း မာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ထားသည်။















