လီယိုနာဒိုနှင့် ဂျနီဖာလော့ရန်စ်တို့ပါဝင်သည့် Don’t Look Up  ရုပ်ရှင်ဇာတ်ကားသစ် အမြည်းထွက်လာ

လီယိုနာဒိုနှင့် ဂျနီဖာလော့ရန်စ်တို့ပါဝင်သည့် Don’t Look Up  ရုပ်ရှင်ဇာတ်ကားသစ် အမြည်းထွက်လာ
Published 17 November 2021

ဒီဇင်ဘာတွင် ထုတ်လွှင့်ပြသတော့မည့် Don’t Look Up  ရုပ်ရှင်ဇာတ်ကား စ်အမြည်းကို Netflix က ပြသလိုက်ပြီ ဖြစ်သည်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး လီယိုနာဒို ဒီကာပရီယိုနှင့် ဂျနီဖာလောရန့်စ်တို့ ခေါင်းဆောင်ပါဝင်ထားသည်။

နက္ခတ္တဗေဒပညာရှင် ဒေါက်တာရန် ဒယ်လ်မင်ဒီ (လီယိုနာဒို)နှင့် ၎င်း၏တပည့် ကိတ်ဒီဘီယာ စကီ(လောရန့်စ်)တို့နှစ်ဦးက  ကမ္ဘာမြေကို ကြယ်တံခွန်တစ်ခုက လာတိုက်နိုင်ကြောင်း သမ္မတဂျေနီအော်လန် (မယ်ရဲလ်စတြိ)နှင့် ပေါ့ပ်စတားရိုင်လေဘီနာ (အာရီယန်နာဂရန်ဒီ)အပါအဝင် လူအားလုံး ယုံကြည်လာအောင် ကြိုးစားသတိပေးခဲ့သည့် ဇာတ်လမ်းဖြစ်သည်။

ရော့ဘ်မော်ဂန်၊ တိုင်လာပယ်ရီ ၊ကိတ်ဘလန်းချတ်တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ဒါရိုက်တာ အဒမ်မက်ကေက ဇာတ်ညွှန်းရေးရိုက်ကူးထားကာ Netflix တွင် ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြသမည်ဖြစ်သည်။ ထိုသို့မပြမီ ဒီဇင်ဘာ ၁၀ ရက်တွင် အရင်ရုံတင်မည်ဖြစ်သည်။

Most Read

Most Recent