စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုအား ဥရောပသမဂ္ဂ ပြစ်တင်ရှုတ်ချ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုအား ဥရောပသမဂ္ဂ ပြစ်တင်ရှုတ်ချ
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ခါတွန်တွင်ပြုလုပ်သော စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူတစ်ဦးကို အခြားလူများက သယ်လာစဉ်
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ခါတွန်တွင်ပြုလုပ်သော စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူတစ်ဦးကို အခြားလူများက သယ်လာစဉ်
Published 16 November 2021
Ref: AFP

လွန်ခဲ့သောလ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆူဒန်ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုအား နိုဝင်ဘာ ၁၄ ရက်တွင် ဥရောပသမဂ္ဂ (အီးယူ) က ပြစ်တင်ရှုတ်ချလိုက်ပြီး ဂျာနယ်လစ်များ အပါအဝင် ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရသည်။ အောက်တိုဘာ ၂၅ ရက်တွင် အာဏာသိမ်းယူခဲ့သော စစ်အစိုးရအနေဖြင့် မျှတသည့်လမ်းကြောင်းကို ပြန်သွားရန်၊ ၂၀၁၉ ခုနှစ်       သြဂုတ်လအတွင်းတွင် လုပ်ဆောင်ခဲ့သည့်အတိုင်း အရပ်သားများနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် ဥရောပသမဂ္ဂက တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂ ထိပ်တန်းသံတမန် ဂျိုးဆက်ဘော်ရီရယ်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် စဉ်ဆက်မပြတ် အီးယူထောက်ပံ့မှုအတွက် ဆိုးရွားသော အကျိုးဆက်များကို ၂၇ နိုင်ငံ ပါသော ဥရောပသမဂ္ဂက သတိပေးထားသည်ဟု ဖော်ပြခဲ့သည်။

ဆူဒန်လုံခြုံရေးတပ်ဖွဲ့များသည် A1-Jazeera သတင်းဌာန၏ ဆူဒန်ဌာန အကြီးအကဲကို ဖမ်းဆီးလိုက်ခြင်းနှင့်အတူ နိုဝင်ဘာ ၁၄ ရက်တွင် မီဒီယာကို ဖိအားပေးခြင်းအား တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထိန်းသိမ်းခဲ့သော ဂျာနယ်လစ်များ အပါအဝင် ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုကို အီးယူထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြခဲ့သည်။

“ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ် အဆုံးသတ်သွားချိန်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားတွေကို အကာအကွယ်ပေးမှု ကင်းမဲ့တာတွေအတွက် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တာဝန်ခံခိုင်းရပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိပ်တန်းဗိုလ်ချုပ်အက်ဘ်ဒယ်ဖတာ့ အယ်လ်ဘာဟန်က အရပ်သားအစိုးရကို ဖြုတ်ချကာ အရပ်သား ခေါင်းဆောင်များကို ထိန်းသိမ်းခြင်းနှင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်သည် သွေးထွက်သံယို အများဆုံး နေ့တစ်နေ့ဖြစ်ခဲ့သည်။

သေဆုံးသွားသူများထဲတွင် ဆယ်ကျော်သက်နှစ်ဦး ပါဝင်သည်ဟု ဆရာဝန်များသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆူဒန်လုံခြုံရေးတပ်ဖွဲ့များသည် နိုဝင်ဘာ ၁၄ ရက်တွင် ကာတာအခြေစိုက် A1-Jazeera ရုပ်သံသတင်းဌာန၏ ဗျုရိုအကြီးအကဲကို ဖမ်းဆီးခဲ့သည်။ အနည်းဆုံး လူခြောက်ဦးသေဆုံးခဲ့သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒသူများကို နောက်ဆုံးအကြမ်းဖက်ဖြိုခွင်းမှုအပြီး တစ်ရက်အကြာတွင် A1-Jazeera ၏ ဆူဒန်ဌာနအကြီးအကဲ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ငါးဦးပစ်သတ်ခံခဲ့ရပြီး တစ်ဦးမှာ မျက်ရည်ယိုငွေ့ကြောင့် အသက်ရှူကျပ် သေဆုံးခဲ့သည်ဟု ဆရာဝန်များသမဂ္ဂက ပြောကြားခဲ့သည်။ လွန်ခဲ့သော သီတင်းသုံးပတ်ခန့်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ စုစုပေါင်း ၂၁ ဦးရှိသွားခဲ့ပြီးဟု ဆရာဝန်သမဂ္ဂက ပြောသည်။

စစ်တပ်၏ အောက်တိုဘာ ၂၁ ရက် အာဏာသိမ်းမှုက အရပ်သားအစိုးရထံ အပြည့်အဝ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို တိမ်းချော်သွားစေခဲ့သည်။

ဆူဒန်စစ်တပ်၏ အာဏာသိမ်းမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့ပြင် အာဏာသိမ်းမှုဆန့်ကျင်ရေး ပုံမှန်ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။

Most Read

Most Recent