ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာ

ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာ
Published 25 October 2021

ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ မွန်းလွဲပိုင်းဈေးနှုန်းအရ ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်းအတိဖြစ်ကြောင်း သိရသည်။

အလားတူ ဒေါ်လာဈေးမှာလည်း ငွေလဲကောင်တာအချို့၏ အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းဈေးနှုန်းအရ တစ်ဒေါ်လာလျှင် ကျပ် နှစ်ထောင်အောက်သို့ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။

ရွှေဈေးနှုန်းမှာ အမြင့်ဆုံးအဖြစ် ပြီးခဲ့သည့် လပိုင်းက ကျပ်သိန်း ၂၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ အထိ ရောက်ရှိခဲ့သည်။