ကော်တင်ဟိုကို ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်

ကော်တင်ဟိုကို ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 9 October 2021

ဆော်ဒီလုပ်ငန်းရှင်များ ဝယ်ယူပြီးနောက် ဘဏ္ဍာရေးအင်အားတောင့်တင်းလာသည့် နယူးကာဆယ်အသင်းသည် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဆော်ဒီရင်းနှီးမြှုပ်နှံကုမ္ပဏီ(PIF)သည် နယူးကာဆယ်အသင်း၏ ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ပေါင် (၃၀၅)သန်းဖြင့် ဝယ်ယူပြီးနောက် နယူးကာဆယ်အသင်းကို (၃)နှစ်အတွင်း ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်လာအောင် တည်ဆောက်သွားရန် ရည်ရွယ်နေကြောင်း သိရှိရသည်။ 

နယူးကာဆယ်အသင်းပိုင်ရှင်သစ်များသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှ စတင်ကာ အသင်းကို ထိပ်တန်းကစားသမားများဖြင့် အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသလို၊ ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် ဘာစီလိုနာအသင်း ရောင်းထုတ်လိုနေသည့် ကစားသမားများထဲတွင် ပါဝင်နေသူလည်း ဖြစ်သည်။ 

ထို့ကြောင့် နယူးကာဆယ်အသင်းသည် ဆော်ဒီလုပ်ငန်းရှင်များလက်ထက်တွင် ပထမဆုံးနာမည်ကျော် ကစားသမား ခေါ်ယူမှုအဖြစ် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူရန် စီစဉ်နေပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင် (၂၅)သန်း ဝန်းကျင်ခန့်သာ ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

နယူးကာဆယ်အသင်းသည် UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP)အတိုင်း လိုက်နာမည်ဆိုပါက လာမည့် (၃)ရာသီအတွင်း ပေါင်သန်း (၂၀၀)အထိ သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent