ထိုင်းဘတ်ငွေစျေး အတက်ကြမ်းမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးအလားအလာ

ထိုင်းဘတ်ငွေစျေး အတက်ကြမ်းမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးအလားအလာ
Published 3 October 2021
​​​​​​​ကိုရွှေသိန်း(မြဝတီ)

နယ်စပ်ကုန်သွယ်ရေးစခန်းတွေအနက် ဒုတိယကုန်သွယ်မှု အများဆုံးလည်းဖြစ်၊ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးဖြစ်တဲ့ မြဝတီ နယ်စပ်မှာ ယခုလအတွင်း ထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်လာတာ ကြောင့် ကုန်သည်အချို့ လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်၊၊

ကုန်သည်အများစုက မိုးပျံပူဖောင်းစီးပြီး တက်သွားတဲ့ ငွေစျေးကိုငေးမောရင်း ကုန် ပစ္စည်းဝယ်ယူမှုတွေ ရပ်၊ ကုန်သွယ်မှုတွေ ရပ် ကာ စောင့်ဆိုင်းနေရသူတွေရှိပေမဲ့ မဖြစ် မနေ လိုအပ်ချက်နဲ့ ဝယ်လိုအားရှိနေတဲ့ စား သောက်ကုန်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း ခွင်သုံးပစ္စည်းတွေကတော့ ဝင်နေဆဲပါ။

မြဝတီမြို့ငွေကြးစျေးကွက်ရပ်ဝန်းမှာ ၂၀၂၁ ခုနှစ် သြဂုတ်အတွင်းက  မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ ၂၀၀၀ ဝန်း ကျင်လဲလှယ်ရရှိခဲ့ပေမဲ့ စက်တင်ဘာလအတွင်းမှာတော့ မြန်မာကျပ်ငွေတစ်သိန်း ဟာ ဘတ် ၁၆၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံထုတ် ကုန်စည်တွေကို ဘတ်ငွေနဲ့ ဝယ်ယူရတဲ့အတွက် မြန်မာကုန်သည်တွေအနေနဲ့ ရောင်းဝယ်မှုအခြေအနေကို ခေတ္တရပ်ဆိုင်းထားကြသူတွေ အများအပြား ရှိနေသလို ဝယ်ရောင်းလုပ်ရင်း၊ နေရင်းထိုင်ရင်းနဲ့ မြန်မာငွေက ပရုတ်လုံးဖြစ်သွားတော့တယ်လို့ မြဝတီနယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောဆိုခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်းမှာ မကြုံဖူး တဲ့  ငွေစျေးတွေဖြစ်နေတယ်။ ဘတ်စျေးတက် နေတာဖြစ်တဲ့အတွက် ကုန်စည်ရောင်းဝယ်မှု အခြေအနေကို ခေတ္တရပ်ဆိုင်းထားကြသူ တွေ အများအပြားရှိပါတယ်။ ကိုင်ထားတဲ့ ပိုက်ဆံ မြန်မာငွေ သိန်းတစ်ထောင်ကို ဘတ် ငွေလဲလိုက်ရင် ယခင်လက ပေါက်စျေး နှစ် ဘတ်ကျော်အထိရခဲ့ပေမဲ့ ယခုအခါမှာတော့ ၁ ဒသမ ၆ ဘတ် ဝန်းကျင်ပဲရတာဆိုတော့ ပိုက်ဆံ သိန်းတစ်ထောင်ဟာ နေရင်းထိုင်ရင်း ရောင်းရင်းဝယ်ရင်းနဲ့ ပရုတ်လုံးဖြစ်သွား တော့တာပေါ့။ အဲဒါကြောင့် ဘာမှမလုပ်ဘဲနဲ့  ခဏဖြစ်ဖြစ် ရပ်ကြည့်နေကြသူတွေ များပါ တယ်။ အခုကတော့ လှုပ်လေ မြုပ်လေ ဖြစ် နေကြတယ်။ ကုန်သည်အများစုကတော့ စောင့်ကြည့်နေကြတယ်။ အဝယ်ရပ်ထားကြ တယ်။ စကားပုံရှိတယ်လေ။ တရုတ်ကအိ ထိုင်းကဖိ ရှိသည့်မြန်မာ မသက်သာဆိုတဲ့ အတိုင်းပဲ။ ဘတ်စျေးတက်တော့လည်း ပို့ ကုန်သမားအတွက် ကောင်းမလားဆိုတော့ မဟုတ်ပြန်ဘူး။ ဘတ်စျေးတက်တယ်ဆိုပြီး စျေးကချပြန်ရော။ ဘတ်စျေးတက်တိုင်း လည်း အတက်ကုန်က မကောင်းပြန်ဘူးလို့ ဒေါ်သင်းသင်းမြတ်က ဆိုပါတယ်။

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်တွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် သတ်မှတ်ရက် ကုန်ဆုံးသွားတဲ့အတွက် ပို့ကုန်လျော့ကျသွားချိန်မှာ ငွေစျေးကြောင့် သွင်းကုန်ပါ လျော့ကျနေတာဖြစ်ပါတယ်။အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်မရတဲ့ မြန်မာ့ပြောင်းဆန်တွေကို အမှုန့်ကြိတ်ပြီး တင်ပို့ ဖို့ လုပ်ဆောင် နေတယ်လို့လည်းသိရပါတယ်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက် ကုန် ပြောင်းဆန်တွေကို အခွန်ကင်းလွတ်ခွင့် နဲ့တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိသာ တင်ပို့ခွင့်ရခဲ့တာပါ။ ထိုင်း နိုင်ငံအတွင်းမှာ ပြောင်းထွက်ချိန်နှင့် တိုက် ဆိုင်နေတဲ့ စက်တင်ဘာ ၁ ရက်ကစပြီး ပြောင်း ဆန်တင်ပို့မှုကို ရပ်ဆိုင်းထားရတာဖြစ်ပါ တယ်။

မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ထုတ် ကုန်စည်တွေကို မြန်မာနိုင်ငံ စျေးကွက် အတွင်းသို့  ၁၂ လရာသီမရွေး တင်သွင်းနေသ လို မြဝတီကုန်သည်များအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွေကို မြန်မာ့လယ်ယာထွက်ကုန် တွေ ရက်လချိန်ခါမရွေး တင်ပို့ခွင့်ရရှိဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမဲ့ ယခုအခါမှာတော့ မြန်မာပြောင်းဆန်များတွေကို အခွန်ကင်း လွတ်ခွင့်နဲ့တင်ပို့မှု ရပ်ဆိုင်းထားရလေရဲ့။

ယခုလို ဒေါ်လာစျေး ၊ရွှေစျေး၊ ထိုင်း ဘတ်ငွေစျေးတွေ တစ်ရှိန်ထိုး မြင့်တက်လာ ခြင်းမှာ ယခင်က မကြုံဖူးကြောင်းလည်း ဒေါ် သင်းသင်းမြတ်က ဆိုပါတယ်။

တချို့စားသောက်ကုန်တွေ၊ လူသုံးကုန် ပစ္စည်းတွေ ရပ်တန့်မသွားအောင် မဖြစ်မနေ တင်သွင်းနေရပေမဲ့ စျေးက တစ်ဆနီးပါး မြင့်တက်သွားတာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတစ်မည် (တစ်ဖာ) ချင်း အတွက် ကျပ် ၅၀၀၀ ခန့်မြင့်တက်သွားပေမဲ့ ဘတ်ငွေနဲ့ဝယ်တဲ့အခါမှာတော့ ထိုင်းကုန် စည်စျေးကွက်မှာ ဆီတစ်ဖာကို ဘတ် ၅၀၀ ဆိုရင် ယခင်နှစ်ကလည်း ဘတ် ၅၀၀ ပါပဲ။ဘတ် ၅၀၀ ကို ဘတ်ငွေ ဖြစ်သွားတာမဟုတ် ပါဘူး။ မြန်မာငွေသာ စျေးကျသွားလို့ အလိုက်ပေးနေရတာဖြစ်တယ်လို့ ဆိုပါ တယ်။

ယခင်က ပဲလုံးဆီတစ်ဖာကို ၅၂၅ ဘတ်၊ မြန်မာကျပ်ငွေနဲ့ ၂၅၀၀၀ ပေးဝယ်ရပေမဲ့ ယခုပေါက်စျေးနဲ့ဆိုရင်ကျပ် ၃၁၂၅၀ ဖြစ် သွားတာမျိုးပါ။

မြန်မာနိုင်ငံဘက်သို့ မဖြစ်မနေတင်သွင်းနေတဲ့ ဘိလပ်မြေ၊ သွပ်၊ သံ စတဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံးကုန်နဲ့ စား သောက်ကုန်အချို့ကို လိုအပ်ချက်အရ မဖြစ် မနေ တင်သွင်းနေကြပေမဲ့ ယခင်ထက် များစွာလျော့ကျသွားသလို ကုန်စျေးနှုန်းကလည်း ယခင်ထက် မြင့်တက်နေပါတယ်။

မြဝတီနယ်စပ်ကုန်သည်အများစုဟာ  ထိုင်းနိုင်ငံထုတ်ကုန်တွေကို ဝယ်ယူရာမှာ  တစ်လစာ၊ ခြောက်လစာ၊ တစ်နှစ်စာ စသည် ဖြင့် MOU ချုပ်ဆိုပြီးဝယ်ယူကြတာရှိပါတယ်။

ယခုဖြစ်နေတဲ့ ငွေစျေးအနေအထားအရ ၁၂ လပိုင်း စောင့်ကြည့်ပြီးမှသာ နှစ်ချုပ်နဲ့ ကုန် ပစ္စည်းဝယ်ယူဖို့ ဖြစ်နိုင်ခြေရာခိုင်နှုန်းများ နေတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အခုက စောင့်ကြည့်နေရမယ့် အနေ အထားရှိတာပေါ့နော်။ ၁၀ လပိုင်းကနေ ၁၂ လပိုင်းအထိ သုံးလကိုစောင့်ကြည့်ရမယ်၊ မြန် မာငွေစျေးတက်လာမယ်ဆိုရင် ကုန်သည် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်သွယ်မှု ဖလှယ် ဖို့ နှစ်ချုပ်နဲ့ ကုန်ပစ္စည်းဝယ်ယူဖို့ MoU ထိုး ဖို့က ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများတာပေါ့။ငွေ စျေးက ဒီလိုပဲ မြန်မာကျပ်ငွေစျေးထပ်ကျနေမယ်ဆိုရင် ကုန်ပစ္စည်းရောင်းဝယ်မှုအတွက် MoU  ထိုးဖို့ ဆိုင်ငံ့ထားနိုင်တဲ့ အခြေအနေရှိ ပါတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမျိုးအောင်က သုံးသပ်ထားပါ တယ်။

ကမ္ဘာ့ေငွေကြးစျေးကွက်မှာ ဒေါ်လာစျေးနဲ့အပြိုင် မြင့်တက်လာတဲ့ ထိုင်းဘတ်ငွေ လဲလှယ်မှု စျေးကွက်မတည်ငြိမ်မှုတွေနဲ့  မြန် မာကျပ်ငွေ တန်ဖိုးကျဆင်းလာမှုတွေကြောင့်  ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းဝယ်ယူတင် သွင်းမှုမှာ ယခုရက်ပိုင်းတွင် ယခင်ကာ လထက် လျော့နည်းလာတာဖြစ်တယ်လို့ လည်း ၎င်းက ဆိုပါတယ်။

ထိုင်းဘက်ခြမ်းမှာ ဘတ်နဲ့ဝယ်ရင် ကုန်စျေးနှုန်း မတက်ပေမဲ့ လက်ရှိအခြေအနေမှာ မြန်မာကျပ်ငွေစျေး ကျဆင်းနေတဲ့ အတွက် ကုန်ပစ္စည်းဝယ်ယူမှုမှာ ငွေတွေပို ပေးနေရသလို ဖြစ်နေတယ်။ ပြည်တွင်းမှာ ပြန်ရောင်းတဲ့အခါမှာလည်း စျေးမြင့်ထားရလို့ ရောင်းအားကျနေတဲ့ အနေအထားမှာ ရှိ နေပါတယ်။ ဒါကြောင့်မို့ ဒီရက်ပိုင်းထဲမှာ ကုန်သည်တွေအနေနဲ့ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းမှုကို လျှော့ချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက (၁-၁၀-၂၀၂၀ ခုနှစ်) မှ (၁၇-၉ -၂၀၂၁ ခုနှစ်)ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ရော သွင်း ကုန်ပါ ယခင်နှစ်ထက် မြင့်တက်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၅၀ သန်းအထိ ကုန်သွယ်နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနရဲ့ သတင်းထုတ်ပြန် ထားချက်အရ သိရပါတယ်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်အထိ အမေရိကန်ဒေါ် လာ ၁၈၅၀ ဒသမ ၈၄၀ သန်းအထိ ကုန်သွယ် နိုင်ခဲ့တဲ့အတွက် ယခင်နှစ် ကာလတူက ကုန် သွယ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၁၇၈ ဒသမ ၇၆၁ သန်းနှင့် နှုင်းယှဉ်ပါက အမေရိ ကန်ဒေါ်လာ ၆၇၂ ဒသမ ၀၇၉ သန်း ပိုမိုကုန် သွယ်ထားနိုင်ကြောင်းလည်း သိရပါတယ်။

မြဝတီနယ်စပ် ကုန်သည်လုပ်ငန်းရှင် တစ်ဦးက “ကိုဗစ်ကာလဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ထိုင်းဘတ်ငွေစျေးမြင့်တက် လာတဲ့အတွက် သွင်းကုန်ရာခိုင်နှုန်း ပုံမှန်ထက်ကျတယ်။ ဒါပေမဲ့ ယခင်နှစ်ကထက် တော့ များတာပေါ့။ ပို့ကုန်မှာတော့ အခု  မြန် မာ့ပြောင်းဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ပြီဖြစ် ပါတယ်။ ယခင် ငါးရာခိုင်နှုန်းကနေ ၇၀ ရာ ခိုင်နှုန်းအထိ မြင့်တက်လာတယ်။ သွင်းကုန် ကတော့ ပြည်တွင်းမှာ ကိုဗစ်ကြောင့် ကုန် ပစ္စည်းဝယ်လိုအား လျော့ကျနေတဲ့အတွက် သွင်းကုန်ပမာဏမှာ ရာခိုင်နှုန်းအားဖြင့် လျော့နည်းသွားတာဖြစ်ပါတယ်လို့ ဆိုပါ တယ်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ကို မြန်မာ့ လယ်ယာထွက်ကုန် ပြောင်း၊ ပဲ၊ ကြက်သွန်၊ ငရုတ်နဲ့ ဃဏြ ချု ပ်ထည်တွေတင်ပို့ မှုမှာ ၁၁ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၈၄၀ ဒသမ ၂၈၀ သန်းအထိ တင်ပို့နိုင်သည့်အ တွက်ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့တဲ့ ၃၇၆ ဒသမ ၉၇၈ သန်းထက် ဒေါ်လာ ၄၆၃ ဒသမ ၃၀၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီဖြစ်ပါ တယ်။

ဒါ့ပြင် ငွေစျေးမြင့်တက်မှု၊ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့်  ပြည်တွင်းစျေးကွက် မှာ ဝယ်လိုအားလျော့ကျနေတဲ့ ထိုင်းကုန် စည်တွေ တင်သွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် လျော့ကျနေပေမဲ့ ၁၁ လခွဲအတွင်း အမေရိ ကန် ဒေါ်လာ ၁၀၁၀ ဒသမ ၅၆၀ သန်းဖိုး အထိ တင်သွင်းထားတဲ့အတွက် ယခင်နှစ် ကာလတူက တင်သွင်းခဲ့တဲ့ ဒေါ်လာ ၈၀၁ ဒသမ ၇၈၃ သန်းထက် ဒေါ်လာ ၂၀၈ ဒသမ ၇၇၇ သန်းပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရပါတယ်။

COVID-19 အရေးပေါ်ကာလ အဖြစ်၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်ကစလို့ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည် သွား လာမှုကို ကန့်သတ်ထားခဲ့ပေမဲ့ ကုန်စည်စီး ဆင်းမှုမပြတ်တောက်စေရေးအတွက် နှစ်နိုင် ငံတာဝန်ရှိသူတွေ နယ်စပ်ကုန်သည်လုပ်ငန်း ရှင်တွေက ညှိနှိုင်းကာ အမှတ်၂ ချစ်ကြည် ရေးတံတားမှ ကုန်သွယ်မှု ခွင့်ပြုခဲ့တာဖြစ် ပါတယ်။

မိုးပျံပူဖောင်းစီးပြီး တက်သွားတဲ့ ဒေါ် လာစျေး၊ ဘတ်ငွေစျေးတွေကြောင့် နယ်စပ် ကုန်သည်လုပ်ငန်းရှင်အချို့ ကုန်သွယ်မှုရပ် ဆိုင်းထားတာတွေရှိလာတဲ့အတွက် ကုန် သွယ်မှုပမာဏ လျော့ကျလာမှာဖြစ်သလို  နယ်စပ်ဖြတ်ကျော် သောင်ရင်းမြစ်မှာရှိနေတဲ့  သဘာဝဂိတ် ၃၂ ဂိတ်ကိုလည်း ထိုင်းနိုင်ငံ ဘက်က တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်တဲ့ အတွက် ဇုန်ရှောင်ကွင်းလမ်းတွေက တရား မဝင်ကုန်သွယ်မှု ပိုမိုရှင်သန်လာမှာဖြစ်ကာ  တရားဝင်ကုန်သွယ်မှုကို မည်ရွေ့မည်မျှ ခိုက်လာဦးမလဲ ဆိုတာကိုတော့ဖြင့်။

Most Read

Most Recent