လီဗာပူးလ်က မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာစေကြောင်း ဂွါဒီယိုလာ ပြောကြား

လီဗာပူးလ်က မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာစေကြောင်း ဂွါဒီယိုလာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 2 October 2021

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းသည် မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးနှင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ရာသီတွင် ချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့ပြီး မန်စီးတီးအသင်းက ချန်ပီယံဆုကို (၃)ကြိမ်နှင့် လီဗာပူးလ်အသင်းက ချန်ပီယံဆုကို (၁)ကြိမ် ရယူထားနိုင်ခဲ့သည်။ 

လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆)အပြီးတွင်လည်း အဆင့်(၁)နှင့် အဆင့်(၂)နေရာများတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် တနင်္ဂနွေနေ့(အောက်တိုဘာ ၃ ရက်)တွင် အန်ဖီးလ်ကွင်း၌ ကစားရမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲအတွက် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ဂွါဒီယိုလာက လီဗာပူးလ်အသင်းသည် မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာအောင် ပြုလုပ်ပေးသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြဖြစ်အောင် ကူညီပေးပါတယ်။ သူ(ကလော့ပ်)က  ကျွန်တော့်ကို နောက်တစ်ဆင့်ရောက်အောင်၊ ပိုကောင်းတဲ့နည်းပြဖြစ်အောင်၊ ကိုယ့်ကိုယ်ကို သက်သေပြနိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့် ဒီလောကမှာ ကျွန်တော် ဆက်ရှိနေတာပါ။ ကျွန်တော် မန်စီးတီးအသင်းကို ရောက်ကတည်းက (ပထမဆုံးရာသီဖြစ်ချင်မှလည်း ဖြစ်မှာပါ) လီဗာပူးလ်အသင်းက ကျွန်တော်တို့နဲ့အတူ ထိပ်ဆုံးမှာ အမြဲရှိနေတာပါ။ ပြီးခဲ့တဲ့(၄)နှစ်အတွင်း အချိန်တိုင်းလိုလို ကျွန်တော်တို့ ထိပ်ဆုံးနေရာကို လုခဲ့ကြတာပါ။ ဒါက နှစ်သင်းစလုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တာ တစ်သင်း၊ နှစ်သင်းတည်း မဟုတ်ဘဲ အသင်းပေါင်းများစွာ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent