အန်ဖီးလ်ကွင်းကို ပရိသတ် (၆၁၀၀၀) ဆံ့ကွင်းအဖြစ် တိုးချဲ့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်၌ တတိယအကြီးဆုံးကွင်းဖြစ်လာမည်

အန်ဖီးလ်ကွင်းကို ပရိသတ် (၆၁၀၀၀) ဆံ့ကွင်းအဖြစ် တိုးချဲ့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်၌ တတိယအကြီးဆုံးကွင်းဖြစ်လာမည်
Photo: Liverpool FC
Photo: Liverpool FC
Published 24 September 2021

လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း ကို ပရိသတ် ၆၁၀၀၀ ဆံ့ကွင်းအဖြစ် ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းပြီးစီးပါက ပရီးမီးယားလိဂ်၌ တတိယအကြီးဆုံးကွင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

    

အန်ဖီးလ်ကွင်း၏ လက်ရှိဝင်ဆံ့သည့် ပမာဏမှာ ၅၃၃၉၄ ဦးဖြစ်ပြီး ပရိသတ် ၇၀၀၀ ကျော် ထပ်တိုးကြည့်ရှုနိုင်ရန် တိုးချဲ့ပြင်ဆင်မည်ဖြစ်ရာ စုစုပေါင်း ၆၁၀၀၀ ကျော်အထိ ကြည့်ရှုနိုင်မည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ပွဲကြည့်စင်လေးခုအနက် ဂိုးအနောက်ဘက်ခြမ်း ပွဲကြည့်စင်ဖြစ်သည့် Anfield Road Stand ပွဲကြည့်စင်ကို တိုးချဲ့ ပြင်ဆင်သွားမည်ဖြစ်သည်။ 

ယင်းစီမံကိန်းအတွက် လီဗာပူးလ်မြို့တော်ကောင်စီထံမှ ဇွန်လအတွင်း ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပြီး ပေါင်သန်း ၆၀ အကုန်အကျခံ၍ ပြင်ဆင်တည်ဆောက်မည်ဖြစ်သည်။ 

စီမံကိန်းကို ၂၀၂၃- ၂၀၂၄ ရာသီတွင် ပြီးစီးရန် မျှော်မှန်းထားပြီး ငါးရာသီအတွင်း ဖျော်ဖြေပွဲခြောက်ခုနှင့် အဓိကအခမ်းအနားငါးခု လက်ခံကျင်းပရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းလည်း သိရ သည်။

    

Anfield Road Stand စီမံကိန်းပြီးစီးပါက အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်တွင် တတိယအကြီးဆုံးကွင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကြီးဆုံးကွင်းအဖြစ် မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်းက ၇၄၁၄၀ ဦးဖြင့် ရပ်တည်နေပြီး စပါးအသင်း၏ တော့တင်ဟမ်ဟော့စပါးကွင်းက ၆၂၈၅၀ ဦးဖြင့် ဒုတိယနေရာ ရပ်တည်လျက်ရှိသည်။ 

အန်ဖီးလ်ကွင်းမှာ လက်ရှိတွင် ပရီးမီးယားလိဂ် အကြီးဆုံးကွင်းစာရင်း၌ အဆင့် ၆ နေရာ ရပ်တည်နေသည်။

Most Read

Most Recent