အောက်တိုဘာလကုန်မှစ၍ စီးရီးအေတွင် ကွင်းအတွင်း ပရိသတ်အပြည့် ပြန်ကြည့်ခွင့်ရတော့မည်     

အောက်တိုဘာလကုန်မှစ၍ စီးရီးအေတွင် ကွင်းအတွင်း ပရိသတ်အပြည့် ပြန်ကြည့်ခွင့်ရတော့မည်     
Photo: Sky Sports
Photo: Sky Sports
Published 24 September 2021

စီးရီးအေပြိုင်ပွဲတွင် အောက်တိုဘာလကုန်မှစ၍ ကွင်းအတွင်း ပရိသတ်အပြည့် ပြန်ကြည့်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။ 

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ကျလာခြင်းကြောင့် ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ကို လာမည့်ရက်ပိုင်းအတွင်း (၇၅%)အထိ တိုးမြှင့်ပေးသွားဖွယ်ရှိနေကြောင်း သိရှိရသည်။ 

ထို့ပြင် အီတလီအာဏာပိုင်များအနေဖြင့် အောက်တိုဘာလကုန်၌ စီးရီးအေပွဲစဉ်များတွင် ကွင်းအတွင်း ပရိသတ်များ ရာနှုန်းပြည့်ကြည့်ရှုခွင့်ပြုသွားရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ 

စီးရီးအေပြိုင်ပွဲတွင် လက်ရှိအချိန်၌ ပရိသတ်(၅၀%)သာ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent