မြန်မာ့အရေးဖြေရှင်းမည့် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား  

မြန်မာ့အရေးဖြေရှင်းမည့် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား  
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီအား တွေ့ရစဉ် (Photo: Ministry of Foreign Affairs of Japan Facebook)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီအား တွေ့ရစဉ် (Photo: Ministry of Foreign Affairs of Japan Facebook)
Published 8 September 2021
Ref: Japan Times

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အာရီဝမ်ယူဆော့ဖ်ကို ဂျပန်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီက စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။

ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝမ်နှင့် မိနစ် ၃၀ ကြာ တယ်လီကွန်ဖရန့်တွင် မိုတဲဂီအနေဖြင့် အာဆီယံ သံတမန် မြန်မာနိုင်ငံသို့ စောလျင်စွာသွားရောက်နိုင်လိမ့်မည်ဟု ၎င်းက ဆန္ဒပြုပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာရီဝမ်တို့၏ အွန်လိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာရီဝမ်အနေဖြင့် ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း တတ်နိုင်သမျှသက်ဆိုင်သူအားလုံးနှင့် အပြန်အလှန်ဆွေးနွေးရန် အရေးကြီးကြောင်း မိုတဲဂီက အလေးအနက်ပြောကြားခဲ့ပြီး ၎င်း၏တာဝန်ပြီးမြောက်စေရန် ၎င်းအား ကူညီနိုင်သမျှအားလုံးကို ဂျပန်က လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် တပ်မတော် ကို စေ့ဆော်ပေးနိုင်သော မြန်မာနိုင်ငံသို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရန် ဂျပန်၏အစီအစဉ် တိုးတက်မှုနှင့် ပတ်သက်၍ ဝန်ကြီး မိုတဲဂီက သံတမန်ကိုရှင်းလင်းပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် ဧပြီလ အာဆီယံအစည်းအဝေးတွင် ရရှိခဲ့သော ဘုံသဘောတူညီချက်များတွင် ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အင်အားသုံး ဖြိုခွင်းခြင်းများ ရပ်ရန်နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်သွားရန်တို့ ပါဝင်သည်။

အစောဆုံးအနေဖြင့် စက်တင်ဘာလလယ်တွင် ပထမအသုတ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ချောချောမွေ့မွေ့ပေးနိုင်စေရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အားလုံး လေးလကြာအပစ်ရပ်ဆဲရန် တောင်းဆိုကြောင်း မြန်မာနိ်ုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် မကြာသေးခင်က ဗီဒီယိုကွန်ဖရန့်မှတဆင့် တွေ့ဆုံရာတွင် ယခုနှစ်ကုန်အထိ အပစ်ရပ်ဆဲရန် အဆိုပြုခဲ့ကြောင်း၊ အဆိုပြုချက်ကို တပ်မတော်က လက်ခံခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က ကျိုဒိုအွန်လိုင်းသတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝမ်ယူဆော့ဖ်က ပြောကြားခဲ့သည်။

“ဒါဟာနိုင်ငံရေးဆိုင်ရာ အပစ်ရပ်စဲမှုမဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေဆီ အကူအညီတွေကို ဘေးကင်းကင်းဖြန့်ဖြူးပေးတဲ့အခါ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတွေ ဘေးကင်းလုံခြုံစေဖို့ အပစ်ရပ်စဲတာ ဖြစ်ပါတယ်။ အပစ်ရပ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်ပြောခဲ့တာကို သူတို့ဘက်က သဘောမတူတာ မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် တပ်မတော်က ၎င်းကို ခွင့်မပြုသေးကြောင်း အာရီဝမ်က ပြောကြားခဲ့သည်။

Most Read

Most Recent