ဗလာဟိုဗစ်ကိုခေါ်ယူရန် အက်သလက်တီကိုအသင်း သဘောတူညီမှုရရှိ

ဗလာဟိုဗစ်ကိုခေါ်ယူရန် အက်သလက်တီကိုအသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 19 August 2021

အက်သလက်တီကိုအသင်းသည် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အက်သလက်တီကိုအသင်းသည် ပြီးခဲ့သည့်ရာသီက အငှားခေါ်ယူခဲ့သည့် ပြင်သစ်တိုက်စစ်မှူး မူဆာဒမ်ဘီလီကို လိုင်ယွန်အသင်းထံ ပြန်လွှတ်ခဲ့ပြီးနောက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ကြိုးပမ်းနေပြီး ယခုအခါ ဗလာဟိုဗစ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အီတလီသတင်းစာ Corriere dello Sport ၏ဖော်ပြချက်အရ အက်သလက်တီကိုအသင်းသည် ဗလာဟိုဗစ်အတွက် ယူရိုသန်း (၇၀) ဖြင့်ကမ်းလှမ်းခဲ့ရာ ဖီအိုရင်တီးနားအသင်းက လက်ခံကြောင်း သိရှိရသည်။

အက်သလက်တီကိုအသင်းသည် ဗလာဟိုဗစ်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်ပြီး အပြောင်းအရွှေ့မှာ ရက်ပိုင်းအတွင်း ဖြစ်မြောက်ဖွယ်ရှိနေသည်။

ဗလာဟိုဗစ် (၂၁ နှစ်)သည် ပြီးခဲ့သည့်ရာသီက စီးရီးအေ (၃၇)ပွဲတွင် (၂၁)ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent