အက်သလက်တီကိုသို့ပြန်ရန် ဂရီးဇ်မန်းဆန္ဒရှိနေဟု စပိန်မီဒီယာများ ဖော်ပြ

အက်သလက်တီကိုသို့ပြန်ရန် ဂရီးဇ်မန်းဆန္ဒရှိနေဟု စပိန်မီဒီယာများ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 18 August 2021

 

ဘာစီလိုနာအသင်းနှင့် အနာဂတ်လှုပ်ခတ်နေသည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်း (၃၀ နှစ်)သည် အသင်း ဟောင်း အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းတွင် မက်ဆီ ထွက်ခွာသွားခဲ့သော်လည်း ဒီပိုင်း၊ အဂွဲရိုးစသည့် တိုက်စစ်ကစားသမားသစ်များခေါ်ယူ ထားသည့်အတွက် ဂရီးဇ်မန်းမှာ ပုံမှန်နေရာအတွက် ဆက် လက်ရုန်းကန်ရဖွယ်ရှိနေသည်။ 

ဂရီးဇ်မန်းသည် အက်သ လက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရခဲ့ပါက ၎င်း၏ မြင့်မားသောလစာငွေအား (၅၀%)အထိ လျှော့ယူရန်ပင် စဉ်းစားထားကြောင်းလည်း သိရသည်။

Most Read

Most Recent