၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၇၅၀ ကျော် ခွင့်ပြုခဲ့မှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၄ သန်းကျော်ရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၇၅၀ ကျော် ခွင့်ပြုခဲ့မှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၄ သန်းကျော်ရှိ
Published 5 July 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၃၇၅၀ ကျော်ခွင့်ပြုခဲ့မှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅၄ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၂၅၈၆ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်း နီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေကဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ်၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်၂၅၅၆ ဘီလျံကျော်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဘီလျံကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၁၁၂၅ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ်၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၄၇  ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တုကဏ္ဍတွင် ကျပ် ၇၅ ဘီလျံကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂ ဘီလျံကျော်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ်၁၃ ဘီလျံကျော် မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်းကျော် အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်း အပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက် ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်းအပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံ ခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent