လက်ရှိအကျပ်အတည်းများကြောင့် ဖိုင်ဘာသွယ်တန်းခြင်းနှင့် ဖုန်းငွေဖြည့်ကတ်ဖြန့်ဖြူးရောင်းချခြင်းတွင် အကန့်အသတ်များစွာရှိသဖြင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ TMH ၏ လက်ရှိဘဏ္ဍာနှစ်ဝက်ဝင်ငွေ ယခင်နှစ်ဝက်ထက် ကျပ် ၁ ဒသမ ၄ ဘီလျံ ကျဆင်း

လက်ရှိအကျပ်အတည်းများကြောင့် ဖိုင်ဘာသွယ်တန်းခြင်းနှင့် ဖုန်းငွေဖြည့်ကတ်ဖြန့်ဖြူးရောင်းချခြင်းတွင် အကန့်အသတ်များစွာရှိသဖြင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ TMH ၏ လက်ရှိဘဏ္ဍာနှစ်ဝက်ဝင်ငွေ ယခင်နှစ်ဝက်ထက် ကျပ် ၁ ဒသမ ၄ ဘီလျံ ကျဆင်း
ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာအရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို ယခင်နှစ်ပိုင်းအတွင်းက တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာအရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို ယခင်နှစ်ပိုင်းအတွင်းက တွေ့ရစဉ်
Published 1 July 2021

COVID-19 နှင့် လက်ရှိအကျပ်အတည်းများကြောင့် ဖိုင်ဘာသွယ်တန်းခြင်းနှင့် ဖုန်းငွေဖြည့်ကဒ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများတွင် အကန့်အသတ်များစွာရှိသဖြင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ TMH ၏ လက်ရှိဘဏ္ဍာနှစ်ဝက် ဝင်ငွေသည် ယခင်နှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ကျပ် ၁ ဒသမ ၄ ဘီလျံကျဆင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

TMH Telecom Public Company Limited ၏ ၂၀၂၀-၂၀၂၁ ခုနှစ် မတ် ၃၁ ရက်၊ ဘဏ္ဍာနှစ်စာရင်းရှင်းတမ်းအပေါ် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်နှင့် လေ့လာသုံးသပ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသုံးသပ်ချက်များသည် TMH Telecom Public Company Limited ၏ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံထားသော သုံးသပ်ထုတ်ပြန် ကြေညာချက်ဖြစ်သဖြင့် ထိုဘဏ္ဍာရေး ရှင်းတမ်းများနှင့်အတူ ယှဉ်တွဲဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ TMH သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဝက်ကာလတွင် COVID-19 ဒုတိယလှိုင်း၏ရိုက်ခတ်မှုနှင့် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအခြေအနေများကြောင့် ဖိုင်ဘာသွယ်တန်းခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ဖုန်းငွေဖြည့်ကဒ်ဖြန့်ဖြူးရောင်းချခြင်း စသည့်လုပ်ငန်းတို့တွင် လုပ်ငန်းဆောင်ရွက်ရန် အကန့်အသတ်များစွာရှိခဲ့သဖြင့်  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေး နှစ်ဝက်၏ ဝင်ငွေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ကျပ် ၁ ဒသမ ၄ ဘီလျံ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

အခြားဝင်ငွေများသည်လည်း ယခင်ဘဏ္ဍာရေးနှစ်ဝက်ထက် ကျပ် ၀ ဒသမ ၀၉  ဘီလျံ လျော့နည်းခဲ့ကြောင်း၊ ကုမ္ပဏီ၏ ယခုနှစ်ဝက်နှင့် ယခင်နှစ်ဝက်ကာလတွင်ရရှိသော ဝင်ငွေကိုလည်း ထုတ်ပြန်ချက်တွင် နှိုင်းယှဉ်ဖော်ပြထားသည်။

ယခုနှစ်ဝက် (၂၀၂၀-၂၀၂၁) သည် လုပ်ငန်း၏အခွန်အခများ မပေးဆောင်မီအရှုံးသည် ၀ ဒသမ ၀၈ ဘီလျံရှိခဲ့သော်လည်း ယခုနှစ်၏ လုပ်ငန်းသုံးနှင့် စီမံခန့်ခွဲမှုစရိတ်များကို ယခင်နှစ်ကထက် ပိိုုမိုကျစ်လစ်သော အသုံးစရိတ်များဖြစ်စေရန် စီမံဆောင်ရွက်နိုင်ခဲ့သည်။

Available-for-Sale ရင်းနှီးမြှုပ်နှံမှုများ၏တန်ဖိုးကို ပြန်လည်သတ်မှတ်ရာ FMI မှ ဝယ်ယူထားရှိသော ရှယ်ယာများကို ယခုဘဏ္ဍာရေးနှစ်ဝက်ကာလ၏ စာရင်းပိတ်ချိန်တွင်ရှိသော စျေးကွက် ရှယ်ယာစျေးနှုန်းနှင့်အညီ တန်ဖိုးပြန်လည်သင့်ထားကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီ၏ လက်ငင်းရပိုင်ခွင့်သည် ယခုဘဏ္ဍာရေးကာလတွင် သုံးရာခိုင်နှုန်းကျဆင်းရခြင်းမှာ ကြိုတင်အသုံးစရိတ်များသည် ယခုကာလတွင် စရိတ်အဖြစ် အသိအမှတ်ပြုစာရင်းရေးသွင်းရန်အတွက် အချိန် ကျရောက်လာခြင်းကြောင့်ဖြစ်သည်။ ကုမ္ပဏီ၏အခြားရင်းနှီးမြှုပ်နှံမှုရှိ ရှယ်ယာတန်ဖိုးများကို ကာလတန်ဖိုးနှင့်အညီ ပြန်လည်တန်ဖိုးသင့်ခဲ့ခြင်းကြောင့် လက်ငင်းမဟုတ်သော ရပိုင်ခွင့်သည်လည်း ယခုဘဏ္ဍာရေးနှစ်ဝက်ကာလ ၂၀၂၀-၂၀၂၁ တွင် သုံးရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။

လက်ငင်းပေးရန်တာဝန်သည် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် ၁ ဒသမ ၁ ဘီလျံရှိပြီး ယခင်နှစ်ကထက် များလာခြင်းသည် နောက်နှစ်ဝက်ကာလတွင်ပေးဆောင်ရန် ကျရောက်သည့် အခွန်အခစရိတ်များ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။

ကုမ္ပဏီသည် ယခုကာလအတွင်း ဖုန်းငွေဖြည့်ကဒ်ရောင်းချဖြန့်ဖြူးမှုတွင် အနည်းငယ်ထိခိုက်မှုရှိခဲ့သော်လည်း မိုဘိုင်းတာဝါတိုင်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိသည်။ TMH ကုမ္ပဏီ၏ အစုစပ်ကုမ္ပဏီဖြစ်သာ Myanmar GT Broadband Co.,Ltd သည် ယခုကာလအတွင်း FTTX အင်တာနက်သုံးစွဲသူများ ထပ်မံတိုးပွားလာမှုရှိခဲ့ကြောင်းလည်း TMH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent