လက်ရှိတွင် တစ်နိုင်ငံလုံး၏ ဓာတ်အား ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၁၅၈၉ ဒသမ ၁၃ မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိ

လက်ရှိတွင် တစ်နိုင်ငံလုံး၏ ဓာတ်အား ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၁၅၈၉ ဒသမ ၁၃ မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သွယ်တန်းထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သွယ်တန်းထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 29 June 2021

လက်ရှိကာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက် ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၁၅၈၉ ဒသမ ၁၃ မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိသည့်အတွက် တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးသုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်အတွက် ၅၁ မဂ္ဂါဝပ်ရှိ အထက်အကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ်၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ၁၅၂ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်းစသည့် စီမံကိန်းလေးခု ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ထပ်မံတိုးတက်သုံးစွဲလာမည့် လျှပ်စစ် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း (၅၁ မဂ္ဂါဝပ်) ကို  ၂၀၂၁- ၂၀၂၂ ခုနှစ်တွင်လည်းကောင်း၊ မဂ္ဂါဝပ် ၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၂၀၂၂-၂၀၂၃ ခုနှစ်တွင်လည်းကောင်း၊ ၁၅၂ မဂ္ဂါဝပ်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၂၄-၂၀၂၅ တွင်လည်းကောင်း ၁၁၁ မဂ္ဂါဝပ်ရှိ သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်းကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင်လည်းကောင်း အသီးသီးအချိန်မီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်း ပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင် ထုတ်လုပ်သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent