■ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲဝင် အာဆီယံအသင်းများ၏ Fair Play အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်း အောက်ဆုံးနေရာ၌သာ ရပ်တည်

■ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲဝင် အာဆီယံအသင်းများ၏ Fair Play အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်း အောက်ဆုံးနေရာ၌သာ ရပ်တည်
Photos : MFF
Photos : MFF
Published 22 June 2021

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် အာဆီယံအသင်းများ၏ Fair Play အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်း အောက်ဆုံးနေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို အာဆီယံဒေသတွင်းမှ အသင်းစုစုပေါင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲပြီးဆုံးပြီးနောက် Fair Play အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်းမှာ အနီကတ်နှစ်ကတ်၊ အဝါကတ် ၁၄ ကတ်ပြသခံရသဖြင့် အောက်ဆုံးနေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မွန်ဂိုလီးယားကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပထမအကျော့ပွဲ၌ တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်မှာ နှစ်ဝါ တစ်နီဖြင့်လည်းကောင်း၊ ကာ ဂျစ္စတန်အသင်းကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဒုတိယအကျော့ပွဲ၌ ရန်နိုင်ဦးမှာ တိုက်ရိုက်အနီကတ်ဖြင့်လည်းကောင်း ထုတ်ပယ်ခံခဲ့ရသည်။

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲဝင် အာဆီယံဒေသတွင်းအသင်းရှစ်သင်းအနက် အနီကတ် ပြသခံရသည့် အသင်းများအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် မြန်မာအသင်းနှစ်သင်းသာ ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုတွင်း၌ အာရှထိပ်သီး ဂျပန်အသင်းကို ပထမအကျော့တွင် (၀ -၂) ဂိုး၊ ဒုတိယအကျော့တွင် (၀-၁၀) ဂိုး၊ ကာဂျစ္စတန်ကို ပထမအကျော့တွင် (၀ -၇) ဂိုး၊ ဒုတိယအကျော့တွင် (၁-၈) ဂိုးဖြင့် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်း သည် မွန်ဂိုလီးယားကို ပထမအကျော့တွင် (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့တွင် (၁-၀) ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

တာဂျစ်ကစ္စတန်အသင်းကိုမူ ပထမအကျော့တွင် (၄-၃) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့တွင် (၀-၄) ဂိုးဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် နှစ်ပွဲနိုင်၊ ခြောက်ပွဲရှုံး၊ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုအောက်ဆုံးနေရာသာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအောက်ဆုံး နေရာသာရရှိသဖြင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် Play-off  ကစားရမည်ဖြစ်သော်လည်း ပုံစံပြောင်းလဲမှုအရ တိုက်ရိုက်ကစားခွင့်ရရှိခဲ့သည်။

Most Read

Most Recent