မေဆန်မောင့်နှင့် ဘင်ချီဝဲလ်တို့ ချက်နှင့်ပွဲကို လွဲချော်ဖွယ်ရှိ

မေဆန်မောင့်နှင့် ဘင်ချီဝဲလ်တို့ ချက်နှင့်ပွဲကို လွဲချော်ဖွယ်ရှိ
Photo: UEFA
Photo: UEFA
Published 22 June 2021

အင်္ဂလန်အသင်းမှ ချယ်လ်ဆီးကစားသမားနှစ်ဦးဖြစ်သော မေဆန်မောင့်နှင့် ဘင်ချီဝဲလ်တို့သည် ကိုရိုနာဗိုုင်းရပ်စ် ကူးစက်ခံခဲ့ရသော စကော့တလန်ကစားသမား ဂယ်လ်မော်နှင့် ထိတွေ့မှုရှိခဲ့သောကြောင့် သီးခြားနေထိုင်မှု ပြုလုပ်နေရပြီး ချက်နှင့်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

တနင်္လာနေ့နံနက်ပိုင်းက ထွက်ပေါ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်အရ အင်္ဂလန်ကစားသမားအားလုံး Negative အဖြေထွက်ခဲ့သော်လည်း အင်္ဂလန်ကျန်းမာရေးဌာန၏ အကြံပြုချက်အရ မေဆန်မောင့်နှင့် ဘင်ချီဝဲလ်တို့ကို သီးခြားနေထိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ချယ်လ်ဆီးအသင်းဖော်ဖြစ်သည့် ဂယ်လ်မော်နှင့်အတူ အင်္ဂလန်-စကော့တလန်ပွဲအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ညွှန်ကြားခံရခြင်းဖြစ်ကြောင်း သိရသည်။

နည်းပြ ဆောက်ဂိတ်ကမူ ယင်းအခြေအနေအတွက် မကျေမနပ်ဖြစ်နေပြီး စကော့တလန်ကစားသမားများကို မည်သို့ပြုမူမည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။

Most Read

Most Recent