မြန်မာ့အရေး အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းရန် ကြိုးပမ်းနေသည့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံတွင် နှစ်ရက်ကြာ ပြုလုပ်မည်

မြန်မာ့အရေး အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းရန် ကြိုးပမ်းနေသည့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံတွင် နှစ်ရက်ကြာ ပြုလုပ်မည်
Published 5 June 2021
Ref: Benar News

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(ဝဲ)အား တွေ့ရစဉ် (Photo: MOFA China)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ လူကိုယ်တိုင် တွေ့ဆုံမည့်အစည်းအဝေးကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားကြောင်း Benar News သတင်းဌာနက ဖော် ပြသည်။

ယင်းအစည်းအဝေးကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင်းမြို့တွင် ဇွန် ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ အင်ဒိုနီးရှား ဘက်မှ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ တက်ရောက်မည်ဟု ၎င်းပုဂ္ဂိုလ်က အတည်ပြုထားသည်။

အာဆီယံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Padmo Sarwono (ပတ်မိုဆာဝိုနို) ၏အဆိုအရ ဆွေးနွေးမည့်အထဲတွင်  အာဆီယံအဖွဲ့နှင့် တရုတ်နိုင်ငံအကြား ပူးပေါင်း မှုမြှင့်တင်ရေးကိစ္စ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းသည့်နေရာတွင် အာဆီယံက ဦး ဆောင်ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် အာဆီယံနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြမည်ဖြစ်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီ ယံဘုံသဘောတူညီချက်ငါးချက်အရ မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စား လှယ် ခန့်အပ်ရမည်ဖြစ်သော်လည်း အာဆီ ယံအဖွဲ့အကြား အမြင်မတူမှုများကြောင့် ယခုအထိ မခန့်အပ်နိုင်သေးပေ။

ထို့ကြောင့် ကိုယ်စားလှယ်နေရာ သဘောတူညီမှုရရှိရေးအတွက် ယခုပြုလုပ် မည့်အစည်းအဝေးတွင်  တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကို ကူညီလိမ့်ဟု လေ့လာစောင့် ကြည့်သူတချို့က ပြောကြားသည်။ 

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့်  ဇွန် ၆ ရက်မှ ၈ ရက်အထိ တွေ့ဆုံရန် တရုတ် ဘက်က မေလအစောပိုင်းကတည်းက ကမ်း လှမ်းထားတာဖြစ်ပြီး တွေ့ဆုံမည့်အကြောင်း ရင်းကို အပြင်ပန်းအားဖြင့် မြန်မာ့အရေး ဆွေးနွေးရန်ဖြစ်သော်လည်း သေချာမှုသည် တရုတ်အနေဖြင့် ဂျိုးဘိုင်ဒင်အစိုးရ၏ လက် ဦးမှုများအပေါ် တုံ့ပြန်နေခြင်းဖြစ်ကြောင်း အရှေ့တောင်အာရှဒေသဆိုင်ရာ အထူးကျွမ်း ကျင်သူ နယူးဆောက်ဝေးလ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ Carlyle Thayer  ဆိုသူက အွန်လိုင်းတွင် ရေးသားခဲ့သည်။

ဇန်နဝါရီလတွင် စတင်တာဝန်ယူလိုက် ပြီးကတည်းက အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်သည် အရှေ့တောင်အာရှနှင့် ၀ါရှင်တန်၏ပူးပေါင်းမှုကို ပိုလေးနက်အောင် ကြိုး ပမ်းလာခဲ့ပြီး သမ္မတဟောင် း ဒေါ်နယ်ထရန့် လက်ထက်ကမူ ၂၀၁၇ ခုနှစ် ထိပ်သီးအစည်း အဝေးတစ်ခုသာ တက်ရောက်ခဲ့ပြီး အာဆီယံထိပ်သီးအစည်းအဝေးများကို သုံးနှစ် ဆက်တိုက် မတက်ရောက်ဘဲ နေခဲ့သည်။

အရှေ့တောင်အာရှဒေသ အထူးကျွမ်းကျင်သူ မစ္စတာ Thayer အဆိုအရ ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်ဆီးနိတ်အထက် လွှတ်တော်က အန်တိုနီဘလင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုလိုက်ပြီး  ဇန်နဝါရီ ၂၇ နှင့် ၂၈ ရက်တွင် ဘလင်ကန် က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Loesin နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွတ်ဝီနိုင်တို့ကို အမေရိကန်-အာဆီယံ ဝန်ကြီးများအဆင့် ဆွေးနွေးမှုပြုလုပ်ရန် ဖုန်းဆက်ကမ်းလှမ်းခဲ့သည်။

သို့ရာတွင် ဖေဖော်ဝါရီ  ၁ ရက်နောက် ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်၏ကမ်းလှမ်းချက်သည် မအောင်မြင်ခဲ့ကြောင်း မစ္စတာ  Thayer က ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် သည် အာဆီယံနိုင်ငံများဖြစ်သော အင်ဒိုနီး ရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို လာ ရောက်ထားသည်။

ခရီးစဉ်နောက်ဆုံးဖြစ်သည့် ထိုင်းခရီး စဉ်တွင် ဝင်ဒီရှာမန်က မြန်မာ့အရေးကို အာ ဆီယံက အလျင်အမြန် တုံ့ပြန်ဆောင်ရွက် ပေးရန်နှင့် ဘက်အားလုံးနှင့်ဆွေးနွေးရန် တိုက်တွန်းပြောဆိုခဲ့ပြီး ဘန်ကောက်တွင်  ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်တို့နှင့် တွေ့ဆုံခဲ့ကြောင်းနှင့်  နိုင်ငံတကာ ြွဥ အဖွဲ့များ၏ ကိုယ်စားလှယ်များနှင့်ပါ တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည် သူများအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီများပေးရေး ဆွေးနွေးခဲ့ ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန် သည်။

Ref: Benar News

 

Most Read

Most Recent