EU က မြန်မာနိုင်ငံအပေါ် နောက်ထပ်အရေးယူမှု အသစ်များကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟု အီးယူနိုင်ငံခြားရေးရာ အကြီးအကဲ ပြောကြား

EU က မြန်မာနိုင်ငံအပေါ် နောက်ထပ်အရေးယူမှု အသစ်များကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟု အီးယူနိုင်ငံခြားရေးရာ အကြီးအကဲ ပြောကြား
Published 4 June 2021

ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့်  မြန်မာတပ်မတော် တာဝန်ရှိသူများနှင့် ၄င်း၏ စီးပွားရေးဆိုင်ရာအကျိုးစီးပွားတွေအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုများကို ရက်ပိုင်းအတွင်း ချမှတ်တော့မှာဖြစ်ကြောင်း ဇွန်လ ၃ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြား ရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရီရယ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

 

ရက်ပိုင်းအတွင်းချမှတ်တော့မည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များသည် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အီးယူ၏ တတိယအသုတ် အရေးယူမှုဖြစ်လာမှာဖြစ်ကြောင်း ဂျာကာတာတါင်  အာဆီယံသံတမန်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ရိုက်တာနဲ့ အင်တာဗျူး တွင် ဘော်ရီရယ်က ပြောကြားခဲ့သည် ။ အီးယူ၏ ဒဏ်ခတ်အရေးယူမှုများသည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် တပ်မတော်နှင့် အရပ်သားအဖွဲ့ဝင် ၂၁ ဦးတို့ရဲ့ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း သို့မဟုတ် ခရီးသွားခွင့် ပိတ်ပိတ်ခြင်းတို့ ဖြစ်သည်။

 

ဥရောပသားများနှင့် ဥရောပကုမ္ပဏီများကိုလည်း  ပိတ်ဆို့အရေးယူ ခံထားရသူတွေအနေနှင့်  ရန်ပုံငွေရရှိအောင် လုပ်ပေးမှုကိုလည်း  တားမြစ်ထားကြောင်း သိရသည်။

 

ဂျာကာတာကိုရောက်ရှိနေသည့်  ဘော်ရီရယ်သည်  ဇွန် ၃ ရက်တွင် အာဆီယံနိုင်ငံများမှ ကိုယ်စား လှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဖိနှိပ်မှုကိုရပ်ဆိုင်းရန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတွေက တစ်ဆင့် ပုံမှန်နိုင်ငံရေးဆိုင်ရာ အပြုအမူများထံပြန်သွားရန်  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်ကို ၄င်းက ပြောကြားခဲ့ကြောင်း သိရသည်။

 

 တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် ဇွန် ၃ ရက် ညနေပိုင်းတွင် အာဆီယံသံတမန်နှစ်ဦး နေပြည်တော်ကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent