ယူရိုပြိုင်ပွဲ၏ သမိုင်းထဲမှ အငြင်းပွားဖွယ်ဖြစ်ရပ်များ

ယူရိုပြိုင်ပွဲ၏ သမိုင်းထဲမှ အငြင်းပွားဖွယ်ဖြစ်ရပ်များ
Photos: UEFA,Getty Images
Photos: UEFA,Getty Images
Published 3 June 2021

၁၉၆၀ ခုနှစ်တွင် အစပြုခဲ့သည့် ယူရိုပြိုင်ပွဲမှာ နှစ်ပေါင်း(၆၀)ကျော် သက်တမ်းရှိခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲအရေအတွက်အားဖြင့်လည်း (၁၅)ကြိမ်တိုင်တိုင် ကျင်းပပြီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲ၏သမိုင်းကြောင်းတစ်လျှောက် အမှတ်ရစရာများစွာလည်း ကျန်ရှိနေခဲ့သည်။ အဆိုပါ မှတ်တမ်းဟောင်းများထဲမှ ယူရိုပြိုင်ပွဲ၏ အငြင်းပွားဖွယ် ဖြစ်ရပ်အချို့ကို စုစည်းဖော်ပြရမည်ဆိုလျှင် . . . 

အာဏာရှင် ပေးခဲ့သည့် ဒဏ်ရာ

ပထမဆုံးယူရိုပြိုင်ပွဲဖြစ်သည့် ယူရို-၁၉၆ဝအတွက်ခြေစစ်ပွဲများကစားခဲ့ရာ စပိန်အသင်းမှ ာပိုလန်ကိုနှစ်ကျော့ပေါင်း(၇-၂)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် အိမ်ကွင်း၊ အဝေးကွင်းကစားရသည့်နောက်ဆုံးခြေစစ်ပွဲတွင် ဆိုဗီယက်နှင့်စပိန်တို့ ထိပ်တိုက်ကစားရမည်ဖြစ်သည်။ ယင်းအချိန်တွင် စပိန်နိုင်ငံ၏အာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်ဖရန်ကိုသည် ဆိုဗီယက်တို့အား ပြည်ဝင်ခွင့်ပေးရန်ငြင်းဆန်ခဲ့သလို၊ စပိန်အသင်းကိုလည်းဆိုဗီယက်သို့ သွားခွင့်မပြုဘဲတားဆီးခဲ့သည်။ ထို့ကြောင့်စပိန်အသင်းမှာယူရို-၆၀ ပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးခဲ့ပြီး ဆိုဗီယက်အသင်းက အလိုအလျောက်ဝင်ခွင့်ရခဲ့သည်။ ထိုစဉ်က စပိန်အသင်းမှာ ၁၉၅၄နှင့် ၁၉၅၈ကမ္ဘာ့ဖလား(၂)ကြိမ်ဆက်ခြေစစ်ပွဲမအောင်ခဲ့သောကြောင့် ပထမဆုံးအကြိမ်ကျင်းပသည့် ယူရိုပြိုင်ပွဲတွင် ဝင်ရောက်ကစားခွင့်ရရန်စိတ်ဆန္ဒ ပြင်းပြခဲ့သော်လည်း အာဏာရှင်တစ်ဦး၏ အားကစားအပေါ် နိုင်ငံရေးနှင့် ရောထွေးချုပ်ကိုင်မှုကြောင့်ပြိုင်ပွဲကိုလွဲချော်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင်အကောင်းဆုံးခြေစွမ်းပြနေသော စပိန်ဂန္ထဝင်တိုက်စစ်မှူးဒီစတီဖာနိုမှာလည်း ယူရိုပြိုင်ပွဲနှင့်လွဲခဲ့ရပြီးနောက်တစ်နှစ်တွင် နိုင်ငံတကာကစားသမားဘဝမှ အနားယူခဲ့သည်။ သို့သော် စပိန်အသင်းသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ယူရို-၆၄ ပြိုင်ပွဲတွင်မူ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းသမိုင်း၏ ပထမဆုံးဆုဖလားဖြစ်စေခဲ့သည်။

 

 

Most Read

Most Recent