ရာသီတုပ်ကွေးရောဂါ

ရာသီတုပ်ကွေးရောဂါ
Published 26 June 2026

 

မိုးဦးနဲ့ မိုးလယ်ရာသီဥတုက စွတ်စိုနေ ချိန် အအေးမိ၊ နှာစေးဖြစ်ပြီဆိုရင် တုပ်ကွေး ရောဂါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်လာနိုင်ပါတယ်။ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပေမဲ့ လူတွေက ပေါ့ပေါ့တန်တန် သဘောထားပြီး ကာကွယ်မှုနည်းပါးပါတယ်။ အမှန်စင်စစ် လူတို့ကို ဒုက္ခအပေးဆုံးရောဂါ ဖြစ်ကာ များစွာဂရုစိုက်သင့်ပါတယ်။ ကမ္ဘာ တစ်ဝန်း လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပွားခဲ့ဖူး ပြီး လူများ သေကြေခဲ့ဖူးပါတယ်။ တုပ်ကွေးကို နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံထား ခြင်းနဲ့ ကာကွယ်ထားနိုင်ပါတယ်။ ယခင်က ကမ္ဘာ့ကပ်ရောဂါ သတ်မှတ်ခဲ့ပေမဲ့ ယနေ့မှာ လူတို့ရဲ့ခံနိုင်ရည်ရှိလာလို့ တုပ်ကွေးအဖျား ဟာ သာမန်အဆင့်ဖြစ်လာတယ်။

ဥရောပမှာ ဆောင်းဝင်ခါစ စက်တင်ဘာ မှ ဖေဖော်ဝါရီလအတွင်း ဖြစ်တတ်ပါတယ်။ အများဆုံးဖြစ်ပွားတဲ့ဒေသများမှာ ဆွီဒင်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဟော်လန်၊ သြစတြေးလျ၊ အမေရိက စတဲ့တိုက်ကြီးငါး တိုက်ဖြစ်တဲ့ ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိကတို့မှာ အထူးဖြစ်ပွားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှာ ၁၉၄၈ ခုနှစ်က သုတေသ နပြုလုပ်ပြီး ဗဟိုဌာနတစ်ခု ဖွင့်လှစ်ကာ တုပ် ကွေးရောဂါရဲ့ အခြေအနေဇာစ်မြစ်ကို ရှာဖွေ ခဲ့ပါတယ်။ တုပ်ကွေးရောဂါဟာ ခရစ်သက္ကရစ် ၁၅၁၀ ပြည့်နှစ်မှစကာ ကပ်ရောဂါအသွင်နဲ့ စရောက်ခဲ့တာ တွေ့ဖူးပါတယ်။

တုပ်ကွေးဗိုင်းရပ်ဟာ လူကိုခန္ဓာကိုယ်အ တွင်း နား၊ နှာခေါင်း၊ ပါးစပ်မှထွက်တဲ့ နား ဖာချေး၊ နှပ်သလိပ်၊ တံတွေးတို့မှာ ခိုအောင်း နေတဲ့ ဗိုင်းရပ်စ်ပိုးငယ်တွေကြောင့်ဖြစ်ပွား ရခြင်းဖြစ်ပါတယ်။ အေ၊ ဘီနဲ့ စီ သုံးမျိုးရှိပါ တယ်။

ဗိုင်းရပ်စ်အေဟာ တုပ်ကွေးရောဂါကို လျင်မြန်စွာကူးစက်ပြန့်ပွားဖြစ်တတ်တဲ့ ရော ဂါပိုးဖြစ်ပြီး လေးနှစ်တစ်ကြိမ် ကပ်ရောဂါ အသွင်မျိုး ကျရောက်တတ်ပါတယ်။ အဖြစ် များတဲ့ဗီဇက (ဗ။ံ၁ြ၁ယဗ။ံ၃ြ၂) ဖြစ်ပါ တယ်။

ဗိုင်းရပ်စ်ဘီအမျိုးအစားမှာ ရံဖန်ရံခါ ကွက်ကြားပေါ်ထွက်လာစေတဲ့ ရောဂါပိုးဖြစ် ကာ ပထမအေအမျိုးအစားလို ရောဂါကို ဆိုး ရွားခြင်းမရှိလို့ ကြောက်စရာမလိုပါဘူး။ တုပ် ကွေးဗိုင်းရပ်စ်စီက လူတွေမှာ ဖြစ်နိုင်ခြေနည်း သလို မပြင်းထန်ပါဘူး။

တုပ်ကွေးရောဂါဟာ အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပြီး ကူးစက်မြန်ဆန်တဲ့ ရော ဂါဆိုးကြီးဖြစ်ပါတယ်။ အသေအပျောက်နည်း ပါးပေမဲ့ ရောဂါဖြစ်ပွားတဲ့လူနာတွေမှာ ခေါင်း ကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ ကိုယ်လက်မအီ မသာခြင်း၊ ဖျားနာခြင်း၊ ကိုယ်လက်အဆစ် အမြစ်ကိုက်ခဲခြင်း၊ ကိုယ်ခန္ဓာတစ်ခုလုံး ချမ်း စိမ့်စိမ့်ဖြစ်ခြင်း၊ အင်အားဆုတ်ယုတ်ခြင်း စတဲ့ဝေဒနာတွေကို ခံစားရပါတယ်။

ဗိုင်းရပ်စ်ပိုးငယ်ကြောင့် လူနာထံကို အခြားဆိုးရွားတဲ့ရောဂါများ ဝင်လာနိုင်ပါ တယ်။ ရောဂါကို ပိုဆိုးရွားစေပါတယ်။ တုပ် ကွေးဖြစ်စဉ်မှာ အဆိုးရွားဆုံးအကြောင်းရင်း က ဝမ်းဖောဝမ်းရောင်ခြင်းဖြစ်ပါတယ်။ ရော ဂါကြီးမားလာရင် နားအုံခြင်း၊ နားပြည်ယိုခြင်း၊ ကယောင်ချောက်ချားပြောဆိုခြင်းတို့ ဖြစ် တတ်ပါတယ်။

ရောဂါလက္ခဏာများမှာ ရောဂါ (၇-၁၀) ရက်မျှ ခံစားရတဲ့ ဗိုင်းရပ်အဖျားရောဂါဖြစ်ပါ တယ်။ အဆိုပါရောဂါဖြစ်ပွားလာရင် အထက် မှာ ဖော်ပြခဲ့သလို ခေါင်းအုံခြင်း၊ ခေါင်းကိုက် ခြင်း၊ ဖျားနာခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ ကိုယ်ခန္ဓာအတွင်းရှိ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ခံတွင်း ပျက်ကာ ပျို့ခြင်း၊ အန်ခြင်း၊ ကိုယ်ခန္ဓာတစ်ခု လုံး ချမ်းစိမ့်စိမ့်ဖြစ်ကာ အိပ်ရာထဲမှာသာ လဲလျောင်းလိုခြင်း၊ နေလိုခြင်း စတဲ့လက္ခဏာ သွင်ပြင်များ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကလေး လူကြီးမရွေး တုပ်ကွေးကာကွယ်ဆေးနှစ်စဉ် ထိုးနှံခြင်းကနေ တုပ်ကွေးကို ရှောင်လွှဲနိုင် ခဲ့ကြတယ်။

ဗိုင်းရပ်စ်ခန္ဓာကိုယ်ထဲ ဝင်ရောက်ချိန်မှာ လူနာရဲ့ ကိုယ်အပူချိန်မှာ တဖြည်းဖြည်း တက် လာပါတယ်။ အပူချိန် ၉၉-၁၀၀ ဒီဂရီ ဖာရင် ဟိုက်အတွင်းရှိနေစဉ် လူနာက မအီမသာရှိပြီး သွေးခုန်နှုန်းမြန်ဆန်လျက်ရှိပါတယ်။ လူနာရဲ့ မျက်နှာတစ်ခုလုံး နီရဲပြီး မျက်လုံးများမှာ ရီဝေ နေလို့ တစ်ခါတစ်ရံ တစ်ကိုယ်လုံးချမ်းစိမ့်နေ ပြီး ကိုယ်တွင်းမှ ချွေးစီးများထွက်လာပါတယ်။

တုပ်ကွေးရောဂါဖြစ်စဉ်မှာ ချောင်း ခြောက်များဆိုးတတ်ပြီး လည်ချောင်းရောင် ရမ်းနေပြီဖြစ်ပါတယ်။ လူကြီးများဖြစ်ရင်တုပ် ကွေးရောဂါမှတစ်ဆင့် နမိုးနီးယား အဆုတ် ရောင်နာရောဂါကို ကူးစက်ပြောင်းလဲတတ်လို့ အထူးဂရုစိုက်သင့်ပါတယ်။ အဆုတ်ရောင် လာလို့ ရက်အနည်းငယ်အတွင်း ပျောက်ကင်း ရင်တော်သေးတယ်။ မပျောက်ကင်းဘဲ နှလုံး ကိုထိခိုက်လာနိုင်ကာ အသက်ဆုံးရှုံးနိုင်ပါ တယ်။

ကုသနည်းမှာ တုပ်ကွေးရောဂါဖြစ်ပွား တဲ့လူနာကို သီးသန့်အိပ်ရာခန်းမှာ အိပ်စက် အနားယူသင့်ပါတယ်။ ကျောင်းအလုပ်ကနေ ခွင့်ယူကာ အပြည့်အဝ အနားယူသင့်ပါတယ်။ ယင်းနောက် ဝမ်းနုတ်ခြင်း၊ ချွေးထွက်အောင် ပြုလုပ်ပေးခြင်းတို့ပြုလုပ်နိုင်တယ်။ ဓာတ် ဆားရည်၊ သစ်သီးဖျော်ရည်မှီဝဲနိုင်ပါတယ်။

ချောင်းဆိုးတဲ့အခါ။ နှာချေတဲ့အခါ သီးသန့်လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ကွေး အသုံးပြုနိုင် ပါတယ်။ အသုံးပြုတဲ့လက်ကိုင်ပဝါမှ ရောဂါ မပြန့်ပွားစေဖို့ပြုတ်ပြီး လျှော်သင့်တယ်။ တစ် သျှူးတွေ စနစ်တကျစွန့်ပစ်သင့်ပါတယ်။

လူနာကို ညစ်ညမ်းပေရေနေတဲ့ အဝတ် များ မဝတ်ဆင်သင့်ပါဘူး။ သန့်ရှင်းပြီး နွေး ထွေးတဲ့အဝတ်များကိုသာ ဝတ်စေသင့်တယ်။ လေဝင်လေထွက်ရှိတဲ့ အိပ်ခန်းရှိ အိပ်ရာပေါ် မှာ အိပ်စက်ခြင်း၊ အနားယူခြင်းတို့ပြုလုပ်ပေး သင့်ပါတယ်။ လူအများစုနေထိုင်တဲ့နေရာမှာ ရောနှောနေထိုင်ခြင်း၊ စကားပြောဆိုခြင်းများ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ အိမ်တွင်း ကုထုံး အချို့ ရှိပါတယ်။

(၁)     ချင်း (ဂျင်း) ပြုတ်ရည်ပူပူလေးက ကိုယ် ထဲမှာရှိတဲ့ မကောင်းတဲ့ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့အပြင် ခုခံအားစနစ်ကို လည်း အားကောင်းစေလို့ မိုးတွင်းမှာ ကော် ဖီအစား ချင်းပြုတ်ရည်သောက်သင့်ပါတယ်။

(၂)     ရေများများသောက်သင့်ပါတယ်။ ရေ များများသောက်တဲ့အခါ လည်ချောင်းခြောက် တာလည်း သက်သာသွားသလိုလည်ချောင်း ထဲမှာရှိတဲ့ပိုးမွှားတွေလည်း ရေနဲ့အတူပါသွား လို့ ပိုးမွှားရှင်းပြီးသားဖြစ်ပါတယ်။

(၃)     အရက်၊ ဘီယာရှောင်သင့်ပါတယ်။ သကြားလျှော့သင့်ပါတယ်။ အရက်၊ ဘီယာ၊ သကြားတို့က ကိုယ်တွင်းခုခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် တုပ် ကွေးရောဂါကာကွယ်လိုလျှင် အရက်၊ သကြား ကို လျှော့စားသင့်တယ်။ ရေဆာရင် ရေသာ သောက်သင့်ပါတယ်။ အရက်နဲ့ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို ခဏအတွင်း ညစ်နွမ်းစေလို့ ရေများများ သောက်သင့် တယ်။

(၄)     စိတ်ဖိစီးမှုမရှိအောင် နေသင့်ပါတယ်။ လူကိုစိတ်ကဆောင်တယ်ဆိုတဲ့စကားလေး ကြားဖူးကြပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်တွင်းခုခံအားစနစ်ယိုယွင်းလာပြီး တုပ် ကွေးမိလွယ်တယ်။ တရားထိုင်ပေးသင့်ပါ တယ်။

(၅)     အိပ်ရေးဝဝအိပ်သင့်ပါတယ်။ အရွယ် ရောက်ပြီးသူ အိပ်ချိန် (၆-၈) နာရီပြည့်ပြည့် ၀၀ အိပ်စက်သင့်ပါတယ်။ အိပ်စက်အနားယူ တာက တစ်နေ့တာပင်ပန်းနေမှု အစားပြန် လည်လန်းဆန်းစေသလို ကိုယ်ခံအားစနစ် မြင့်တက်စေတယ်။

(၆)     အသီးအနှံများ၊ အစားအသောက်များ။ ဗီတာမင်စီ၊ ချဉ်တဲ့အသီးအနှံများ၊ အစိမ်း ရောင်ပန်းဂေါ်ဖီ၊ သင်္ဘောသီးစားသင့်တယ်။ နံနက် (၇-၁၀) နာရီ နေရောင်ခံကာဗီတာမင်ဒီ ရယူသင့်တယ်။ ဇင့်ကြွယ်ဝတဲ့ ထောပတ်သီး၊ ဘယ်ရီသီး စားပေးသင့်တယ်။

(၇)     ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်နာရီဝက်မှ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ အား ကစားက ထွက်တဲ့ချွေးက အဆီအဖြစ် မစု ဆောင်းလို့ အဆီများခြင်း၊ အဝလွန်ခြင်း၊ ဆီး ချိုရောဂါတို့မှ ကင်းဝေးစေပါတယ်။

Most Read

Most Recent