(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ဇွန်လ၂၆ရက်က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးကျော်မြင့်၊တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအစိုးရအတွင်းရေးမှုးဦးကျော်စွာထွန်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်စိုးဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၂၆၉၄၆၃ပြား၊စိတ်ကြွရူးသွပ်ဆေးပြားကြေမှုန့် ၂ဒသမ၃၃၄၅ ကီလို၊ ဘိန်းဖြူ ၁၆၇၁ဒသမ၃၄၂၉၁၀၅ ကီလို၊ ဘိန်းဖြူပျော်ဝင်ရည် ဝဒသမ ၀၀၀၂ လီတာ၊ ဘိန်းဆီခဲ ၁၂၅ဒသမ၄၁၀၀၃ကီလို၊ ဘိန်းဆီရည် ဝဒသမ၉၉ လီတာ၊ ဘိန်း ၅၉၂ဒသမ၈၅၆၂၆ ကီလို၊ အဆင့်နိမ့်ဘိန်း ဝဒသမဝ၀၆၃ ကီလို၊ ICE ၂၃ဒသမဝ၀၅၄၆ ကီလို၊ ဆေးခြောက် ၁၀၆ဒသမ၉၀၄၄၄ကီလို၊ ထမဒေါဆေးတောင့် ၃၂၂၉၇၉ တောင့်၊ ထမဒေါထိုးဆေး ၁၇၄၈ ပုလင်း၊ Aprazolam ၇၁၅၄၈ဝပြား၊ ကတ်တမင်း ၂၆ဒသမ ၄၆၄၉၁ကီလို၊ အက်တက်စီဆေးပြား ၃၉၀၀၂ဒသမ၅ပြား၊ Nimetazepam ၁၅၄၅ပြား၊ မက်သဒုန်းဝ.၁ လီတာ၊ Happy Water ၅၃.၄၁၀၃ ကီလို၊ Happy Water ဝဒသမ၈၂၆၈လီတာ၊ Pamtoprazome ၁၉၂၅ ပုလင်း၊ Sodium Cyanide ၄၉၉ဒသမ၉၉၈ ကီလို၊ Ammonium Nitrate ၁၀၂၄၄၈ဒသမ၄၅၇၄ ကီလို၊ ကဖင်း ၇၆၂၄ဒသမ၉၄၇၈ ကီလို၊ Ammonium Chloride ၂၄၉ဒသမ၉၉ကီလို၊ Sulphuric acid ၂၄၀၀၀ လီတာ၊ Hydrochloric acid ၄၈၀၀၀ လီတာ၊တော်လူအင်း ၁၆၉ဒသမ၉၇၅ လီတာစသည်တို့မှ အမှုပေါင်း၁၃၂၆မှုတို့၏ တန်ဖိုးငွေကျပ် သန်း ၄၁၆၀၆၄ဒသမ၃၁၁(ဒေါ်လာသန်း ၁၁၃ဒသမ၆၇၈၇ )တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။















