အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြသည့် တရုတ်နှင့် မြန်မာနှစ်နိုင်ငံတွင် ထူးခြားသော မြို့အစုအဖွဲ့များ ရှိသည်။ ၎င်းတို့အနက် အချို့မှာရေမြေတောတောင်ချင်းဆက်စပ်နေကာ၊ အချို့မှာမူ မိုင်ပေါင်းထောင်ချီဝေးကွာသော် လည်း စိတ်ချင်းနီးစပ်ကြသည်။ ၎င်းတို့အားလုံးတွင် တူညီသောအမည်နာမတစ်ခုမှာ "တရုတ်-မြန်မာ ချစ်ကြည် ရေးမြို့တော်များ" ပင် ဖြစ်သည်။
🟨 တရုတ်-မြန်မာ ချစ်ကြည်ရေးမြို့များ
တရုတ်-မြန်မာချစ်ကြည်ရေးမြို့အစသည် ရန်ကုန်နှင့် ယန်ကျိုးက စသည်ဟုဆိုရမလိုပင်။ ၁၉၉၇ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် တရုတ်နိုင်ငံက ယန်ကျိုးမြို့နှင့် မြန်မာနိုင်ငံက ရန်ကုန်မြို့တို့သည် တရားဝင်ချစ်ကြည်ရေး မြို့ ဆက်ဆံရေးတည်ထောင်ခဲ့ကြသည်။ ဤသည်မှာ တရုတ်–မြန်မာကြား အစောပိုင်း ချစ်ကြည်ရေးမြို့တစ်စုံ ဖြစ်သည်။ ယန်ကျိုးနှင့် ရန်ကုန်တို့ကြား ယခုတိုင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပညာရေး၊ ယဉ်ကျေး မှု၊ ခရီးသွား လုပ်ငန်း စသည့်ကဏ္ဍများတွင် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုနောက် ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကူမင်းမြို့နှင့် မန္တလေးမြို့တို့ကြား ချစ်ကြည်ရေး မြို့အဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။၂၀၀၈ ခုနှစ်တွင် ရန်ကုန်နှင့် တရုတ်နိုင်ငံမှ ကူမင်းမြို့တို့ကြား ချစ်ကြည် ရေးမြို့ တော်အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့နှင့် နန်နင်းမြို့၊ လန်ချန်းမြို့နှင့် လားရှိုးမြို့တို့လည်း တရုတ်-မြန်မာ ချစ်ကြည်ရေးမြို့များအဖြစ် ဆက်လက်သတ်မှတ်ခဲ့သည်။
ထို့ပြင် ၂၀၁၀ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် တရုတ်–မြန်မာသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်း အမှတ်အဖြစ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ပေါင်ရှန်းမြို့နှင့် မြန်မာနိုင်ငံ မြစ်ကြီးနားမြို့တို့ ချစ်ကြည်ရေးမြို့ အဖြစ် တရားဝင်သတ်မှတ်ခဲ့ကြသည်။
အဆိုပါမြို့နှစ်မြို့၏ ဆက်ဆံရေးမှာ ထူးထူးခြားခြား ဖြစ်သည်။ မြစ်ကြီးနားမြို့ရှိရာ ကချင်ပြည်နယ်နှင့် ပေါင်ရှန်းတို့သည် တောတောင်ရေမြေချင်းထိဆက်စပ်နေပြီး၊ နယ်စပ်နှစ်ဖက်တွင် တူညီသောလူမျိုးများ နေထိုင် ကြသည်။ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့လည်း တူညီကြသည်။ နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံ မှုများလည်းရှိသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်ကြသည့် တရုတ် နိုင်ငံက ရွှေလီ မြို့နှင့် မြန်မာနိုင်ငံက မူဆယ်မြို့တို့ကို တရားဝင်ချစ်ကြည်ရေးမြို့ဖြစ်လာခဲ့သည်။
ချစ်ကြည်ရေးပြည်နယ်အဖြစ်ဦးဦးဖျားဖျားသတ်မှတ်ခံရမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီ ကျင့် ဖျင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်စဉ် ပေါ်ပေါက်လာခဲ့သည်။ တရုတ်နှင့် မြန်မာခေါင်းဆောင် များ၏ သက်သေပြုမှုအောက်တွင် ယူနန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ချစ်ကြည်ရေးပြည်နယ်အဖြစ် သမ္မတရှီကျင့်ဖျင်၏၂၀၂ဝခုနှစ် မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်စဉ် ရန်ကုန်တိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှုတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
နှစ်နိုင်ငံကြားက နောက်ထပ်ချစ်ကြည်ရေးမြို့များအဖြစ် စီချွမ်ပြည်နယ် လဲ့ရှန်းမြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့ (ညောင်ဦးမြို့နယ်)တို့သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတည် ထောင် ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းနှင့် ချုံချင့်မြို့တော်တို့သည် ချစ်ကြည် ရေးညီအစ် မမြို့အဖြစ်ချစ်ကြည်ရင်းနှီးသော ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ သည်။ ချုံချင့်မြို့တော်သည် တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းလမ်း၊ ရေကြောင်းကုန်သွယ်လမ်းသစ်၏ စီမံခန့်ခွဲမှု နှင့် ညှိနှိုင်းရေးဗဟိုဌာနဖြစ်ပြီး၊ ခေတ်သစ်တွင် တရုတ်နိုင်ငံအနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအဓိက မဟာဗျူဟာ မဏ္ဍိုင် နှင့် ကုန်းတွင်းပွင့်လင်းသည့် အထွေထွေအချက်အချာနေရာလည်း ဖြစ်သည်။
၂၀၂၆ ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့နှင့် ကမ္ဘာလှည့်ခရီးသွားများကြား ထင်ရှားကျော် ကြား သည့် တရုတ်နိုင်ငံ ဟာဘင်မြို့တို့ ချစ်ကြည်ရေးမြို့အဖြစ် ဆက်ဆံရေးတည်ထောင်ရန် တက်ကြွစွာဆောင် ရွက်ခဲ့ ကြသည်။ အလားတူ တရုတ်နိုင်ငံက ချန်ဒူး၊ ဖူကျိုးမြို့များနှင့် ရန်ကုန်မြို့ကို ချစ်ကြည်မြို့တော်များ အဖြစ်ထူ ထောင်ရန် ဆောင်ရွက်လျက်ရှိကြသည်။
ရန်ကုန်မြို့သည် ယခုအခါ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးမြို့ အများဆုံး တည်ထောင်ထားသော မြန်မာ မြို့တစ်မြို့ ဖြစ်လာနေပြီး ယန်ကျိုး၊ ကူမင်း၊ နန်နင်းမြို့များအပြင် ဖူကျိုး၊ ချန်ဒူး၊ ဟာဘင် စသည့်မြို့များနှင့်ပါ ချစ် ကြည်ရေးမြို့များအဖြစ်ဆက်လက်ထူထောင်၍ တရုတ်မြောက်ပိုင်းမှ တောင်ပိုင်းအထိ ချစ်ကြည်ရေးကွန်ရက်ကြီး တစ်ခုကို ဖန်တီးနေပြီ ဖြစ်သည်။
🟨 ချစ်ကြည်ရေးမြို့များကြားက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
ချစ်ကြည်ရေးမြို့တော်များ၏ အသက်ဝင်မှုသည် လူမှုယဉ်ကျေးမှု ဖလှယ်မှု၏ နွေးထွေးမှုတွင်သာမက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ နက်ရှိုင်းမှုတွင်လည်း တည်ရှိနေသည်။
၂၀၁၇ ခုနှစ်တွင် “တရုတ် (ကွမ်ရှီး)–မြန်မာ သီးနှံမျိုးကောင်း စမ်းသပ်ရေးစခန်း”ကို တည်ထောင်ခဲ့ပြီး ကွမ်ရှီး စိုက်ပျိုးရေးပညာရှင်များက ဆန်နှင့် ပြောင်းမျိုး ၁၀၂ မျိုးကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။
ထိုအချိန်က မြန်မာနိုင်ငံ၏ ဒေသခံဆန်မျိုးများသည် အထွက်နှုန်းနည်းသည်။ လယ်သမားတစ်ဦးဖြစ်သည့် ဦးဝင်းခိုင်ဆိုသူက “စမ်းစိုက်ကြည့်မယ်” ဆိုသောစိတ်ဖြင့် ကွမ်ရှီးဆန်မျိုးကို သူ့လယ်ဧကတစ်ဝက်ခန့်တွင် စမ်း သပ်စိုက်ပျိုး ခဲ့သည်။ တရုတ်ပညာရှင်များက နေ့တိုင်းလယ်ထဲဆင်းကာ မြေသြဇာအသုံးပြုနည်း၊ စိုက်ပျိုးနည်း များကို လက်တွေ့သင်ကြားပေးခဲ့သည်။
လအနည်းငယ်အကြာ စပါးရိတ်သိမ်းချိန်တွင် လယ်ဧကတစ်ဝက်မှ ထွက်ရှိသည့် စပါးပမာဏသည် ယခင် ဒေသမျိုးတစ်ဧကစိုက်ထက်ပင် အထွက်နူန်း ပိုများနေခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံကြား စိုက်ပျိုးရေးထွက်ကုန်ကုန်သွယ်မှုတန်ဖိုးသည် ယခင် နှစ်အလားတူကာလထက် ၄၆ ရာခိုင်နူန်းခန့်တိုးတက်ခဲ့သည်။ မြန်မာနိုင်ငံ၏ လတ်ဆတ်သော ငရုတ်သီးများသည် ကွမ်ရှီးဆိပ်ကမ်းမှတစ်ဆင့် တရုတ်ပြည်သူများ၏ ထမင်းစားပွဲပေါ်သို့ရောက်ရှိလာပြီး ကွမ်ရှီး၏ တိရစ္ဆာန်အစာ၊ ဟင်းခတ်အမွှေးအကြိုင်များသည်လည်း မြန်မာပြည်စျေးကွက်အတွင်းသို့ အဆက်မပြတ်ဝင်ရောက်ခဲ့သည်။
ချုံချင့်-ရန်ကုန် တိုက်ရိုက်ခရီးသည်တင်လေကြောင်းလမ်းကြောင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ပထမဆုံးအကြိမ် စတင်ပျံသန်းပြေးဆွဲနိုင်ခဲ့ရာ ဒေသနှစ်ခုကြားခရီးသွားချိန်ကြာချိန်ကို ယခင်လေကြောင်း ဖြင့် သွားလာမှုထက် ၃ နာရီအထိ လျော့ချပေးနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသတို့ အကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့သည်။
တရုတ်နိုင်ငံ အနောက်ပိုင်း၏အရေးပါသောစီးပွားရေးဗဟိုဌာနတစ်ခုဖြစ်သည့် ချုံချင့်မြို့သည် ကြွယ်ဝ သော အရင်းအနှီး၊ နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်များအပြင် ထူးခြားသည့်ပါးယွီယဉ်ကျေးမှု၊ ချွမ်အော်ပရာ၊ ဟော့ပေါ့ယဉ်ကျေးမှု၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒါဇူကျောက်ထွင်းရုပ်ထုများနှင့် ယန်ဇီမြစ် မြစ်ကျဉ်းသုံးသွယ် စသည့် သဘာဝနှင့် လူမှုယဉ်ကျေးမှုအမွေအနှစ်ရှုခင်းများ ရှိရာ မြို့ဖြစ်သည်။
ထိုကဲ့သို့သော ဒေသနှင့် ရန်ကုန်ကို လေကြောင်းတိုက်ရိုက်ပြေးဆွဲနိုင်ခြင်းက ဒေသနှစ်ခုကြား “လေကြောင်း + ယဉ်ကျေးမှုခရီးသွား” ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးနှင့် ယဉ်ကျေးမှုစသည့် လုပ်ငန်းများ အတူတကွ ဖွံ့ဖြိုး လာစေရန် ထောက်အကူပြုစေမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းမထိစပ်သော်လည်း ချွီကျင့်မြို့သည် ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနှင့် စီး ပွားရေး၊ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အားကောင်း လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ချွီကျင့်မြို့နှင့် မြန်မာနိုင်ငံကြား သွင်းကုန်-ပို့ကုန်ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၂.၆၃ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ၂၈၇.၅ ရာခိုင်နူန်းတိုးတက်ခဲ့သည်။ ပို၍ပင်စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံမန္တလေးမြို့ တွင် ချွီကျင့်မြို့အတွက် ပထမဆုံးသောနိုင်ငံရပ်ခြားကုန်လှောင်ရုံ(ထွက်ကုန်ဂိုဒေါင်)ကို တည်ဆောက်ခဲ့ပြီး ချွီကျင့် မြို့၏ စိုက်ပျိုးရေးထွက်ကုန်များကိုထုတ်လုပ်ရာနေရာမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရာတွင် ၄၈ နာရီသာ ကြာမြင့်စေရန် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သမားရိုးကျရိုးရာစိုက်ပျိုးရေးထွက်ကုန်များမှသည် စွမ်းအင်သစ်၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများအထိ ကုန် သွယ်မှု ချဲ့ထွင်လာသည်နှင့်အမျှ ချွီကျင့်မြို့နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ် ပိုမို ကျယ်ပြန့်လာကာ ပိုမိုနက်ရှိုင်းသောအဆင့်များဆီသို့ လျှောက်လှမ်းလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးစင်တာ ထူထောင်ရေးသဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင် ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ပုံမှန်ဆောင်ရွက်မည့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
အခြားတစ်ဖက်တွင် ချစ်ကြည်ရေးပြည်နယ်အဖြစ်သတ်မှတ်ထားသည့် ယူနန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ကြား “အဆင့်မြှင့်” ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဆေး ဘက်ဆိုင်ရာ “အလင်းရောင်ခရီးစဉ်” အကူအညီများမှ အသက်မွေးဝမ်းကျောင်းပညာရေး၊ နည်း ပညာဖလှယ်မှု၊ ခရီးသွားလုပ်ငန်းမြှင့်တင်မှုအထိ ပူးပေါင်းဆောင်ရွက်မှုများသည် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ကဏ္ဍ အားလုံးကို လွှမ်းခြုံကာ တရုတ်–မြန်မာ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတစ်ခုဖြစ်လာခဲ့သည်။
ရွှေလီသည် တရုတ်–မြန်မာနယ်စပ်ပေါ်ရှိ အကြီးဆုံး နယ်စပ်မြို့ဖြစ်သည်။ တရုတ်ဘက်က ဖွံ့ဖြိုးရေးမူ ဝါဒများကြောင့် မကြာသေးမီနှစ်များအတွင်း ရွှေလီသည် နယ်စပ်စက်မှုဇုန်များတည်ဆောက်ကာ တရုတ်အရှေ့ ကမ်းရိုးတန်းမှ အလုပ်သမားအခြေပြုစက်ရုံများကို ဆွဲဆောင်နိုင်ခဲ့သည်။ထိုထဲတွင် အထည်ချုပ်၊ စက်ပစ္စည်းထုတ် လုပ်ရေး၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်လုပ်ငန်းများ စုစုပေါင်း ၇၀ ခန့်ရှိပြီး လူပေါင်းသောင်းချီအတွက် အလုပ်အကိုင်ဖန်တီးပေးထားနိုင်ခဲ့သည်။
🟨 လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှုပေါင်းကူးဆက်သွယ်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ချစ်ကြည်ရေးမြို့များ၏ “ကျောရိုး” ဖြစ်သည်ဆိုပါက ယဉ်ကျေးမှု ဖလှယ်မှုသည် ချစ်ကြည်ရေးမြို့များ၏ “အသက်သွေးကြော” ဟု ဆိုရမည်ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံက ယန်ကျိုးမြို့နှင့် မြန်မာနိုင်ငံက ရန်ကုန်မြို့တို့ ပထမဆုံး ချိတ်ဆက်ခဲ့ရာ မှစတင်၍ ယနေ့ကာလတွင် ယူနန်၊ ကျန်းစု၊ ကွမ်ရှီး၊ စီချွမ် စသည့်ဒေသများအထိ “ပေါက်ဖော်မြို့များ” ကွန်ရက် တစ်ခု ဖွဲ့စည်းလာနိုင်ခဲ့သည်။
ထိုချစ်ကြည်ရေးမြို့များသည် တရုတ်–မြန်မာ ဆက်ဆံရေးတွင်နှစ်နိုင်ငံပြည်သူများအပြန်အလှန်နား လည် ချစ်ခင်မှု၏ပုံရိပ်များကို ချိတ်ဆက်ပေါ်လွင်စေသည့်အပြင် “Belt and Road” လမ်းမကြီးပေါ်ရှိ ပြည်သူ ချင်းဆက်သွယ်မှု၏ နွေးထွေးသောမှတ်တမ်းပုံရိပ်များကို ဖော်ပြလျက်ရှိသည်။
ယန်ကျိုးမြို့အစိုးရက ရန်ကုန်မြို့သို့ ယန်ကျိုးရိုးရာဗိသုကာပုံစံ “လေးမျက်နှာရှစ်ဘက် မျှော်စင်ဇရပ်” နှင့် အလှပြလှေတစ်စီးကို လက်ဆောင်ပေးခဲ့သည်။ ထိုလက်ရာမွန်များကို ယန်ကျိုးဥယျာဉ်အင်ဂျင်နီယာများက ဒီဇိုင်း ရေးဆွဲ တည်ဆောက်ကာ ပေးအပ်ခဲ့သဖြင့် ထိုလက်ရာမွန်များသည် ရန်ကုန်မြို့ကန်တော်ကြီးသဘာဝ ဥယျာဉ်အ တွင်း၌ တည်ရှိနေပြီး ယခုအခါ နှစ်နိုင်ငံယဉ်ကျေးမှုကို ပေါင်းကူးခြင်း ပြယုဂ်အဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။
တရုတ်-မြန်မာနှစ်နိုင်ငံကြားကချစ်ကြည်ရေးမြို့များအနက် ရွှေလီနှင့်မူဆယ်တို့သည် အနီးကပ်ဆုံးညီ အစ်မမြို့ဖြစ်ပြီးအလွန်နီးကပ်စွာ တည်ရှိနေသည်။
ရွှေလီမြို့တွင် နှစ်စဉ်မြန်မာကျောင်းသား ၃,၀၀၀ ခန့်ကို လက်ခံပညာသင်ကြားပေးနေပြီး နှစ်ဘာသာ သင်ကြားမှုနှင့် နယ်စပ်ကျောင်းသားများအတွက် အစိမ်းရောင်လမ်းကြောင်းများကို အကောင်အထည်ဖော်ထား သည်။ “မင်းနဲ့ငါ” ဟူသည့် ခွဲခြားမှုမရှိသော ထိုကျောင်းများထဲမှ နေ့စဉ်ဖြတ်သန်းမှုက “ပေါက်ဖော်” ချစ်ကြည် ရေးကို စာသင်ခန်းထဲမှ စကာ အမြစ်တွယ်စေခဲ့သည်။
“တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးပွဲတော်”၊ “ယူနန် (တယ်ဟုန်) နယ်စပ်ကုန်သွယ်ရေး ကုန်စည် ပြပွဲ” တို့ကို ၂၀၂၆ ခုနှစ် နှစ်အစပိုင်းမှာပင် ရွှေလီနှင့် မူဆယ် ချစ်ကြည်ရေးမြို့များတွင် အကြိမ် ၂၀ မြောက်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်နိုင်ငံတည်းသော နယ်စပ်ဖြတ်ကျော်ပူးတွဲကြီးမှူး ကျင်းပ သည့် မာရသွန်ပြိုင်ပွဲဖြစ်သည့် “နှစ်နိုင်ငံ ဖြတ်ကျော်မာရသွန်” ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင် ပွဲကို ၁၀ ကြိမ်မြောက် ကျင်းပပြီးဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲကို ၁၉ ကြိမ် မြောက်ကျင်းပပြီးဖြစ်ကာ နယ်စပ်ဖြတ်ကျော် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လူငယ်ဘောလုံး နွေရာသီစခန်းစသည့် လှုပ်ရှားမှုများစွာကိုလည်း ကျင်းပခဲ့သည်။
ကမ္ဘာ့အမွေအနှစ်မြို့တော်များဖြစ်သည့် တရုတ်နိုင်ငံက လဲ့ရှန်းမြို့နှင့် မြန်မာနိုင်ငံက ပုဂံရှေးဟောင်းမြို့ တို့သည် သမိုင်းဝင်ယဉ်ကျေးမှုနောက်ခံများနောက်ခံဖြင့် လက်တွဲကာ စီးပွားရေး၊ ယဉ် ကျေးမှု၊ပညာရေး၊ ခရီး သွားလုပ်ငန်းစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ရန် ဆက်လက်တွန်းအား ပေးနေသည် ကို တွေ့ရသည်။
မြန်မာနိုင်ငံနှင့် သဘာဝအရတောင်ရေမြေရေ ဆက်စပ်လျက်ရှိသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံကြား ကောင်းမွန်သည့် ပေါင်းဆောင်ရွက်ရေး အခြေခံအုတ်မြစ်များရှိနေသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တယ်ဟုန်ဒေသ၌ တရုတ် -မြန်မာ သိပ္ပံပညာဖြန့်ဝေရေးစင်္ကြံ တည်ဆောက်ရေး စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။ “သိပ္ပံပညာအိပ်မက်ကို အတူတကွတည်ဆောက်ခြင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ကို အတူတကွဆွေးနွေးခြင်း” ဆောင်ပုဒ်ဖြင့် ကီလိုမီတာ ၅၀၃.၈ ရှည်လျားသော နယ်စပ်မျဉ်း ပေါ်တွင်အချင်းချင်း ဆက်သွယ်မှု၊ အသိပညာမျှဝေမှု၊ ဂေဟဗေဒဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု၊ သဟဇာတဖြစ်မှုနှင့် အတူယှဉ်တွဲ ရှင်သန် မှုတို့ရှိသော သိပ္ပံပညာဖြန့်ဝေရေးစင်္ကြံတစ်ခုကို တည်ဆောက်လျက်ရှိသည်။
ယင်းတွင် သိပ္ပံပညာ အခြေခံအဆောက်အအုံများ အတူတကွဆောက်လုပ်ခြင်း၊ သိပ္ပံပညာအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊သိပ္ပံပညာကျွမ်းကျင်သူများမွေးထုတ်ပေးခြင်း၊ သိပ္ပံပညာဆိုင်ရာအမှတ် တံဆိပ်လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းနှင့် သိပ္ပံပညာပေါင်းစပ်ခြင်း၊ အရေးပေါ်သိပ္ပံပညာဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု စသည့်ပင်မစီမံကိန်းကြီးခြောက်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသခံများ၏ သိပ္ပံပညာအဆင့်အတန်းကိုမြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးချင်းဆက်သွယ်မှု ကိုမြှင့်တင်ပေးပြီး ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်ရွက်ပေးလျက် ရှိသည်။
သိပ္ပံပညာဟောပြောပွဲများ၊ သိပ္ပံပညာစမ်းသပ်မှုသရုပ်ပြခြင်းများ၊ သိပ္ပံပညာအသိပညာပြိုင်ပွဲများ၊ စိုက် ပျိုးရေးနည်းပညာသင်တန်းများ၊ ဂေဟစနစ်ထိန်းသိမ်းရေးအသိပညာပေးခြင်းများမှတစ်ဆင့် သိပ္ပံပညာဖြန့်ဝေရေး စင်္ကြံသည် “ပေါက်ဖော်စာကြည့်အသင်း”၊ “တရုတ်-မြန်မာ လူငယ်များသိပ္ပံပညာဖလှယ်ရေးလှုပ်ရှားမှု”၊ “တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးလုပ်ငန်းထူထောင်မှုပြိုင်ပွဲ”၊ “တရုတ်-မြန်မာသိပ္ပံပညာရှင်များ အစည်း အဝေး” စသည့် လှုပ်ရှားမှုများစွာကိုဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်နယ်စပ်ဒေသခံ လူထု ၁ သိန်းအား ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ထိုကဲ့သို့ တရုတ်-မြန်မာ ချစ်ကြည်ရေးမြို့တော်များထူထောင်ခြင်းသည် သံတမန်ဆက်ဆံရေးထက် ပိုမို နက်ရှိုင်းသည့် ပြည်သူအချင်းချင်းတိုက်ရိုက်ထိတွေ့မှုနှင့် ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း မောင်းသန်ဖြစ်ထွန်းလာခြင်းကို ပြသနေသည်။ နယ်စပ်ချင်း ထိစပ်နေသည့်မြို့များ၏ နေ့စဉ်လူမှုဘဝ ကူးလူ ဆက်ဆံမှုများမှသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသောဒေသများအထိ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံစလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် အကျိုးပြုလျက်ရှိသည်။
နှစ်နိုင်ငံကြားချစ်ကြည်ရေးမြို့တော်များ ပိုမိုတိုးချဲ့တည်ထောင်လာနိုင်ခြင်းအပါအဝင် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများသည် ရေမြေတောတောင် ချင်းဆက်စပ်နေသည့် အိမ်နီးချင်းကောင်းပီ သမှုကို ဖော်ပြနေရုံသာမက၊ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာခဲ့သည့် "ပေါက်ဖော်" စိတ်ဓာတ်ကို ပိုမို ခိုင် မာလာစေမည်ဖြစ်သည်။















