မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပြည်ပအင်အားစုအချို့ ဝင်မစွက်ဖက်ရန် တရုတ် သတိပေး

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပြည်ပအင်အားစုအချို့ ဝင်မစွက်ဖက်ရန် တရုတ် သတိပေး
Published 7 April 2021
Credit - fmprc

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပြည်ပအင်အားစုတချို့ ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်နိုင်အောင် တားဆီးဖို့လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူ ၊မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီ ၆ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနက “ဘယ်လိုစွက်ဖက်မှု၊ ဘယ် ပြည်ပအင်အားစုတွေကို နိုင်ငံခြားရေးဝန်ကြီးက ရည်ညွှန်းတာပါလဲ”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian ကို မေးမြန်းခဲ့ရာ ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က “ဝမ်ယိပြောခဲ့သည့်အတိုင်း မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်များကိုသာ ပြန်လည်ပြောသွားခဲ့ပြီး မည်သည့်အင်အားစုတွေရယ်လို့ ထုတ်ဖော်ပြောသွားခြင်း မရှိခဲ့ကြောင်း သိရသည်။

ဝမ်ယိ ပြောကြားချက်အရ တရုတ် နိုင်ငံမှ ထောက်ခံသည့် အချက် ၃ ချက်မှာ

မြန်မာ့အရေးကို ဘက်အားလုံးက ဥပဒေဘောင်အတွင်းကနေ ညှိနှိုင်းဆွေးနွေးအဖြေရှာရန်။

အာဆီယံအနေဖြင့် တခြားနိုင်ငံရဲ့ပြည်တွင်းရေးမှာ ဝင်မစွက်ရမူကိုဆက်လက်ထိန်းသိမ်းရန်။  မြန်မာနိုင်ငံရဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ အာဆီယံနည်းနဲ့ အပြုသဘောဆန်ဆန်ပါဝင်ရန်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင် အထူးအစည်းအဝေးခေါ်ယူရန် တို့ဖြစ်သည်။

ဆက်လက်ပြီး မြန်မာ့အရေးမှာ နှင့် ပတ်သက်ပြီး ဝမ်ယိ အနေဖြင့်   

၁။ နောက်ထပ်သွေးထွက်သံယိုမှုနှင့် အရပ်သားတွေ သေကျေထိခိုက်မှု ထပ်မဖြစ်အောင်ရှောင်ရှားရန်။ ထိန်းမနိုင်သိမ်းမရတဲ့အထိ အခြေအနေဆိုးမလာအောင် တားဆီးရန်။

 ၂ ။ အခြေအနေ ပိုရှုပ်ထွေးစေမယ့် မသင့်တော်တဲ့ စွက်ဖက်မှုတွေ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လုပ်မလာစေရန် နှင့်

 ၃။ ပြည်ပအင်အားစုတချို့က မီးလောင်ရာလေပင့်ပြီး ကိုယ်ကျိုးအတွက် မြန်မာပြည်အရေးမှာ ဝင်စွက်ဖက် မလာစေရန် ဆိုပြီး ပြောကြားခဲ့သည်။

တရုတ် နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံး နှင့် အာဆီယံ  တို့နှင့်ပါ ချိတ်ဆက်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အမြန်ဆုံး အခြေအနေတွေတည်ငြိမ်အောင် ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လွယ်ကူအောင် ကြိုးပမ်းသွားမယ်လို့လည်းပြောကြားခဲ့ပါသည်။

မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးကို အခုလနှောင်းပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit - fmprc

Most Read

Most Recent