စကားလုံးများနှင့်သီသော အညာဘုရားပွဲ

စကားလုံးများနှင့်သီသော အညာဘုရားပွဲ
Published 8 March 2021
ကျော်ထင်

ထိုသူတို့က တပေါင်းဘုရား ပွဲတော်ကြီးကို လောကရန်နှိမ်နှင့် လောကမာရဇိန် ဘုရားတို့ကို အမှူးပြုလျက် ကျင်းပကြသည်။ ဘုရားနှစ်ဆူကြားရှိ ကွင်းပြင်ကြီးထဲတွင် ဘုရားဈေးပွဲကို ခင်းကြသည်။ လောကရန်နှိမ်ရှိ အုတ်ဇရပ်ကြီးများတွင် ဘုရားဖူး

ဧည့်သည်တို့ ညအိပ်ညနေ တည်းခိုကြ၏။ ဗောဓိညောင်ပင်ကြီး ခြေရင်းရှိ ကွင်းပြင်ထဲတွင် ...

စာဖတ်လျှင် ကျွန်တော့်မှာ အလုပ်များစွာဖြင့် ဖတ်တတ်သည်။ စာ၌ ထည့်ဝင်ထား သော အရသာတို့ကို ကျွန်တော်က မြည်းစမ်းသည်။ ကိုယ်စားပြု ခံစားကြည့်သည်။ တူရာနှင့် ဆုံမိလျှင် ကြည်နူးသည်။ လွမ်းစရာဖြစ် လျှင် လွမ်းသည်။ နွမ်းစရာနှင့်ကြုံလျှင် နွမ်း သည်။ သိရှိလာရမည့် အကြောင်းအရာသစ် တို့ကို ဆနကြည့်သည်။ ကောင်းမွန်သော အတွေးအခေါ်သစ်နှင့် မှန်ကန်သော အသိ သစ်တို့ကို ဖမ်းဆုပ်ကြည့်သည်။ ယင်းကား မင်္ဂလတရားတော် ဗဟုဿဥ္စ မဟုတ်လော။

ထို့မျှနှင့် မပြီး။ ဝေါဟာရတို့၏ အတိမ် အနက်ကိုလည်း တိုင်းဆတတ်ပြန်သည်။ နှစ်ပေါင်း ၃၀ နီးပါးမျှ ခေါက်ရိုးကျိုးခဲ့ရသော သက်မွေး အလုပ်အကိုင်ကြောင့်လော၊ ၀ါသနာကြောင့်လောတော့ မသိ။ ဝေါဟာရနှင့် စကားလုံးအထားအသိုတို့ကိုလည်း ဝေဖန် စိစစ်မိတတ်ပြန်သည်။ စကားလုံးတို့ကို ဝေ ဖန် ဆန်းစစ်ရာ၌ သာမန် ညောင်းည ဝစ္စ ပေါက် ကျန်၊ ရေးချ မေ့သော ပမာဓလေခ သတ်ပုံအကျတို့ကို ထည့်မစဉ်းစား။ “ပေမဲ့”နှင့် “ပေမယ့်” စာလုံးပေါင်းခြင်း မျိုးကိုတော့ ဝေဖန်ချင်သည်။ “ဆုံးဖြတ်”နှင့် “ဆုန်းဖြတ်” ဆိုသည်မျိုးတို့ကိုတော့ စိတ်ဝင်စားသည်။

ပါဒ ခြားခြင်းများကို စိတ်ဝင်တစား ဂရု ထားသည်။ ဆရာကြီး ဒေါက်တာလှဘေ၏ ပါဒခြားခြင်း သဘောထားပုံကို ကျွန်တော် ဖတ်ဖူးသည်။ ဆရာကြီး၏ “မြန်မာစာပေ ဧည့်ခံစာတမ်း” နိဒါန်းတွင် “၀ါကျ တစ်ခု တစ်ခုတွင် ပါသော အပုဒ်များကို Space ကွက်လပ်ခြားပြီး ရိုက်နှိပ်လျှင် ကောင်းမည် ထင်ပါ၏။ ဥပမာ “ဦးပုညသည်စာဆိုကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်”ဟု နှိပ်မည့် အစား “ဦးပုညသည် စာဆိုကျော် ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်”ဟု နှိပ်လျှင် မျက်စိရှင်းပေလိမ့်မည်ဟု ဆိုထားသည်။ မျက်မှောက်ခေတ် Space ခြားပုံနှင့် ဆရာကြီး၏ Space ခြားပုံတို့ကို ကျွန်တော် ဆင်ခြင်မိသည်။

ယခုလည်း သိပ္ပံမောင်ဝ၏ “အညာ ဘုရားပွဲ”ဆီ လှည့်ပတ်ကြည့်ရှုရင်း ကျွန် တော့် စိတ်အလျဉ်တို့သည် အထုံဓလေ့ အတိုင်း တဒီဒီ စီးဆင်းနေပြန်သည်။ အညာ ဘုရားပွဲလေးကြောင့်ပင် အိမ်နောက်မှ ဘုရားပွဲလေး၏ ငယ်ရိပ်သည်လည်း ထင် ဟပ်လာသည်။ လောရန်နှိမ်နှင့် ကိုးခန်းကြီး။ လောကမာရဇိန်နှင့် ပွဲခင်းကြီး။ ဗောဓိ ညောင်ပင် နှင့် ဇရပ်ကြီး။ အဖေကြီးကုန်းနှင့် အဖေကြီး။ အဖေကြီးဆိုသူမှာ ထွက်ရပ် တစ်ခုခုဖြင့် ထွက်ရပ်ပေါက်သွားသော ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ကဲ့သို့ သူတော် စင်တစ်ဦးဖြစ်သည်ဟု ဆို၏။ နောက်လိုက် နောက်ပါ များလွန်းလှသည်။ ထိုသူတော်စင် ကြီးကို ယုံကြည်သောသူတို့ နေထိုင်ရာ တောင်ကုန်းလေးကို အဖေကြီးကုန်းဟု ခေါ် ဆို၏။ အဖေကြီးဂိုဏ်းသားတို့က ဘုရားပွဲကို တပေါင်းလရောက်တိုင်း ကျင်းပခဲ့ကြသည်။ အဖေကြီးကို ယုံကြည်ကြည်ညိုသော သူတို့ က ထိုကုန်းမျှ မဟုတ်။ မြို့၏ အနီးချုပ်စပ် ရွာများ၌လည်း နေထိုင်ကြသေးသည်။

ထိုသူတို့က တပေါင်းဘုရားပွဲတော်ကြီး ကို လောကရန်နှိမ်နှင့် လောကမာရဇိန် ဘုရားတို့ကို အမှူးပြုလျက် ကျင်းပကြသည်။ ဘုရားနှစ်ဆူကြားရှိ ကွင်းပြင်ကြီးထဲတွင် ဘုရားစျေးပွဲကို ခင်းကြသည်။ လောကရန် နှိမ်ရှိ အုတ်ဇရပ်ကြီးများတွင် ဘုရားဖူးဧည့် သည်တို့ ညအိပ်ညနေ တည်းခိုကြ၏။ ဗောဓိ ညောင်ပင်ကြီး ခြေရင်းရှိ ကွင်းပြင်ထဲတွင် နွားနှင့် လှည်းတို့ကိုထားကြ၏။ အုတ်တံ တိုင်းခြေရင်းက ရေတွင်းကြီးမှ ရေကို သုံး ရေ၊သောက်ရေအဖြစ် ခပ်သုံးကြသည်။

ဤသည်ကား ကျွန်တော်၏ ငယ်ရိပ် ငယ်ယောင်တို့အတွင်းမှ တပေါင်းဘုရားပွဲ၏ အထားအသို ဖြစ်သည်။ သိပ္ပံမောင်ဝ၏ ဘုရားပွဲကား အညာဘုရားပွဲတစ်ခုဖြစ် သည်။ အညာအရပ်ကား အနော်ရထာမင်း ၏လူယုံ မဟာပုံအမတ် တည်ခဲ့သော စလင်း ဖြစ်သည်။ ထိုစလင်းမြို့မှ ကုသိန္နာရုံပွဲ ပြု လုပ်လေ့ရှိသည်။ ယင်းကုသိန္နာရုံဘုရားပွဲကို ကဆုန် လဆန်း ၈ ရက် ၉ ရက်မှ၊ ကဆုန်လ ပြည့်ကျော် ၉ ရက်၊၁၀ ရက် ထိတိုင်အောင် ကျင်းပကြသည်ဆို၏။ ဘုရားပွဲဆိုသည်များ ကား အများသိကြသည့်အတိုင်း စျေးရောင်း ပွဲတော်များ ဖြစ်ကြသည်။

ကုသိန္နာရုံ ဘုရားပွဲဆိုလျှင် စလင်းမြူနီ စီပယ်စျေးကြီး တစ်စျေးလုံးပင် ရွှေ့ပြောင်း ရောင်းချကြသည် ဆို၏။ အကြွေးဆပ်ခြင်း၊ ငွေချေးခြင်း ကိစ္စများကိုလည်း ဘုရားပွဲ ရောက်မှ ချေးကြ၊ ဆပ်ကြသည်။ ထိုမျှမက။ လယ် အချ စာချုပ်၊ပေါင်နှံ စာချုပ်များကိုပင် ဘုရားပွဲရောက်သည့်အချိန်ထိ စောင့်ပြီး ချုပ်ကြသည်။ ထို့အတွက်ကော၊ ဘုရားဖူး အတွက်ကော၊ စျေးဝယ်အတွက်ကော ကုသိ န္နာရုံ ဘုရားပွဲသို့ ရွာဝေး၊ ရပ်ဝေးမှ လာ ရောက်ကြသည်။ လှည်းပေါင်းငါးရာ၊ ခြောက်ရာထက် မနည်း လာကြသည်။ ထိုသို့ ရပ်ဝေးမှ လာသူများက ဘုရားနံဘေး ကွင်း ပြင်ကြီးတွင် လှည်းဝိုင်းကြီးများဖွဲ့၍ နေရာ ယူကြသည်။ ချက်ပြုတ်စားသောက်ကြ သည်။ အနားယူ အိပ်စက်ကြသည်။ ပွဲအ တွေ့အကြုံတို့ကို စားမြှုံ့ပြန်ကြသည်။

ဤကား အညာဘုရားပွဲလေး၏ မြင် ကွင်းတည်း။ ကုသိန္နာရုံဘုရားပွဲ၏ အထား အသိုတည်း။ ယင်းအထားအသိုတို့၏အခြား တစ်ဖက်တွင် နောက်ထပ်တစ်မျိုး အထား အသိုများ ရှိသေးသည်။ စကားလုံး အသုံး အနှုန်းများ ရှိသေးသည်။ ကျွန်တော်သည် ထိုအသုံးအနှုန်းနှင့် အထားအသိုတို့ကို ပို၍ စိတ်ဝင်စားသည်။ ထိုစိတ်နှင့်ပင် အညာ ဘုရားပွဲလေး၏ စကားလုံး အသုံးအနှုန်းနှင့် ပုဒ်အထားအသိုတို့ကို အလေးကဲ လေ့လာ ဖြစ်သည်။ အထူးသဖြင့် အညာဘုရားပွဲ၌ အတွေ့ရများသော “လည်း”ဟူသော စကား လုံးဆီ ချဉ်းကပ်ကြည့်ချင်မိသည်။ “လည်း” ကို နာမ်နောက်ဆက် စကားလုံးအဖြစ်အသုံး ပြုကြသည်။ ဆရာကြီး ဦးဖေမောင်တင်၏ သဒ္ဒါကျမ်းတွင် စုပေါင်းပါဝင်သည့် သဘော ကို ပြရန် သုံးသည်ဟု ဆိုထားသည်။

ထိုသို့ သုံးနှုန်းရာတွင် “လည်း”ကို ၀ါ ကျတစ်ကြောင်း “လည်း”တစ်လုံးဖြင့် သုံးနိုင် သကဲ့သို့ တစ်လုံးမကလည်း သုံးနှုန်းနိုင် သည်။”အညာဘုရားပွဲကား ဘုရားပွဲလည်း ဖြစ်၏။ စျေးပွဲကြီးလည်း ဖြစ်လေသည်”ဟူ သော ၀ါကျတစ်ကြောင်း “လည်း”တစ်လုံး သုံးထားသည်။ သို့သော် ၀ါကျနှစ်ကြောင်း သည် ဆက်စပ်သဘောဖြင့် အညာ ဘုရားပွဲ ၌ ဘုရားပွဲကော၊ စျေးပွဲကော စုပေါင်း ပါဝင် ကြောင်းကို ပြဆိုထားပေသည်။ “ကုန်ကုန် ပြောရလျှင် စျေးအတွင်း၌ ခွေးများ၊ ကျီးများ ပင် မရှိ။ သူတို့လည်း ဘုရားပွဲသို့ ရောက်ကုန် ကြပြီဟု ထင်ရ၏။ “၀ါကျတွင်လည်း သူတို့ ဆိုသည့် ခွေးများ၊ ကျီးများပါ ဘုရားပွဲစျေး တွင် ပူးပေါင်းပါဝင်သွားကြောင်းကို ဆိုနေ ပေသည်။

ထိုသို့မဟုတ်ဘဲ ၀ါကျတစ်ကြောင်း တည်းတွင် “လည်း”ကို တစ်လုံးမက သုံးထား သေးသည်။ “အညာတွင် ဘုရားပွဲသွားကြ သည်မှာ ဘုရားလည်း ဖူးရင်း၊ လိပ်ဥလည်း တူးရင်း၊ လိပ်မကြီးလည်း ဖမ်းရင်း သွားကြ ခြင်း ဖြစ်သည်”ဟူ၏။ ၀ါကျ တစ်ကြောင်း တည်းတွင် “လည်း”ကို ဘုရား၊ လိပ်ဥ၊ လိပ်မ ကြီးဆိုသည့် နာမ်တို့၏ နောက်တွင်ထားကာ စုပေါင်းပါဝင်သည့်သဘောကို ဖော်ထုတ် ထားလေသည်။ “လည်း”ကို သူချည်း တစ် လုံးတည်း သုံးသကဲ့သို့ “လည်း-လည်း”၊ “အ ပြင်-လည်း”၊ “သာမက-လည်း”၊ “သာမ ဟုတ်-လည်း”ဟူ၍လည်း ပေါင်းစည်း ဆက် စပ်ပြ စကားလုံးအဖြစ် အသုံးပြုနိုင်ကြောင်း အခြေခံသဒ္ဒါကျမ်းများက ဖွင့်ဆိုကြသည်။

ထို “လည်း”ကို မျက်မှောက်ခေတ် စာ ရေးသူတို့သည် “လဲ”နှင့်မကွဲဘဲ ရှိတတ် သည်။ အမှန်၌ “လဲ”သည် အထောက်အပံ့ အဖြစ်သုံးမည်ဆိုပါက အမေးစကားလုံး တစ်လုံးသာ ဖြစ်သည်။ “လည်း”သည် ပေါင်း စည်း ပါဝင်မှုကိုပြသော စကားလုံးသာ ဖြစ် သည်။

သိပ္ပံမောင်ဝ၏ “အညာဘုရားပွဲ”တွင် နောက်ထပ်တွေ့ရသော စကားလုံးမှာ “ကား” ဖြစ်သည်။  “အညာ ဘုရားပွဲကား”   “စလင်း ကုသိန္နာရုံ ဘုရားပွဲကား” “တောသူတောင်သားတို့ကား” “အမယ်ကြီးမှာကား”  “အဘိုးအို ကား” “မြေးမိန်းကလေး ကား” စသော အစိတ်အပိုင်းတို့တွင် ကတ္တားပုဒ်များ ၏ နောက်၌ “ကား”ကို သုံးစွဲထားသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ်သဒ္ဒါ၌   “ကား”သည် နာမ်ပုဒ်၊ ကြိယာပုဒ်တို့၏အနက် ကို လေးနက်စေရန်ပြသော နောက်ဆက် စကားလုံးဖြစ်သည်ဟု ဆို၏။ ဆရာကြီးဦးဖေ မောင်တင်၏ သဒ္ဒါကျမ်းတွင် (သည်၊ က၊  မှာ၊ ကား)တို့သည် ကတ္တား နောက်ဆက်များ ဖြစ် ကြောင်း ပြဆိုထားသည်ကို လေ့လာဖူး သည်။

ထို့ပြင် အခြားနောက်ဆက်စကားလုံး များ ဖြစ်သော (ကို၊ ၌၊ သို့၊ ကြောင့်) စသည့် နာမ်ဝိဘတ်တို့ကိုလည်း လေးနက်စေသည် ဆိုထားပေသည်။ ထို့ပြင် “ကား”ကို စကား လုံးတူ နှစ်ခုကြားတွင် ထား၍ “ပေးကားပေး ၏ မရ”၊ “ကျွေးကားကျွေး၏ မဝ”၊ “ပြင် ကားပြင်၏ မလှ”ဟူ၍လည်း သုံးနိုင်ပေသေး သည်။

Most Read

Most Recent