ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန်ကြိုးစားကြရန် အသင်းဖော်များကို နာပိုလီနောက်ခံလူ ကူလီဘလီ တိုက်တွန်း

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန်ကြိုးစားကြရန် အသင်းဖော်များကို နာပိုလီနောက်ခံလူ ကူလီဘလီ တိုက်တွန်း
Photo: Sky Sports
Photo: Sky Sports
Published 27 February 2021

နာပိုလီနောက်ခံလူ ကူလီဘလီက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်အတွက် အစွမ်းကုန်ကြိုးစားကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။ 

နာပိုလီအသင်းသည် ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်းအဆင့်တွင် ဂရန်နာဒါအသင်းကို နှစ်ကျော့ပေါင်း (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်ကြောင်း ဖြစ်သည်။ 

ထို့ကြောင့် ကူလီဘလီက မိမိအနေဖြင့် ယခုရာသီတွင် စီးရီးအေပြိုင်ပွဲ၌ အဆင့်(၄)အတွင်း ရပ်တည်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကူလီဘလီက "ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် နာကျင်ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဆင်ခြေပေးစရာမရှိတော့ပါဘူး။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၄)အတွင်း ဝင်ဖို့ မဖြစ်မနေ ကြိုးစားရပါမယ်"ဟု ပြောကြားခဲ့သည်။ 

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသည့် နာပိုလီအသင်းသည် ပွဲစဉ် (၂၃)အပြီးတွင် ရမှတ် (၄၀)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ရိုးမားအသင်း (၄၄ မှတ်)နှင့် (၄)မှတ် ကွာဟနေသည်။ 

Most Read

Most Recent