ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် ဦးဆောင်နေ

ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် ဦးဆောင်နေ
Published 15 February 2021

ပရီးမီးယားလိဂ်မှ နောက်ထပ်ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုစာရင်းတွင် ယာဂန်ကလော့ပ်သည် အလေးပေးချက် (၁း၁) ဝန်းကျင်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄)ရက်နေ့က လောင်းကစား ကုမ္ပဏီအချို့ထုတ်ပြန်ခဲ့သော လောင်းကြေး၌ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်မှ နောက်ထပ်ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုစာရင်းတွင် ယာဂန်ကလော့ပ်သည် အလေးပေးချက် (၁း၁) ဝန်းကျင်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

နာမည်ကျော်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်သော William Hill က ကလော့ပ်ကို (၁း၁)ဖြင့် လောင်းကြေးဖွင့်ခဲ့ပြီး၊ PaddyPower နှင့်  Betfair ကုမ္ပဏီများက များစွာမကွာဟသောကြေးဖြစ်သည့် (၁၀း၁၁)၊ Skybet ကုမ္ပဏီက (၈း၁၁)အစရှိသဖြင့် လောင်းကြေးများဖွင့် လှစ်ထားကြောင်း သိရှိရသည်။

ကလော့ပ်၏နောက်တွင် မန်စီးတီးအသင်းကို (ဝ-၃)ဂိုးဖြင့်ဂိုးပြတ်အရေးနိမ့်ခဲ့သော စပါးအသင်း၏နည်းပြဖြစ်သူ မော်ရင်ဟို၊ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လမ်းခွဲတော့မည်ဟု အကြိမ်ကြိမ်သတင်းထွက်ခဲ့သော အသက်(၇၃)နှစ်အရွယ်နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့ရှိနေကြောင်း သိရသည်။ 

William Hill ၏အလေးပေးချက်တွင် မော်ရင်ဟိုက (၃း၁)လေးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး၊ ဟော့ဒ်ဆန်က (၄း၁)လေးဖြင့် တတိယနေရာတွင်ရှိနေသည်။ 

အခြားသော လောင်းကစားဒိုင်များကမူ ရွိုင်းဟော့ဒ်ဆန်ကို (မော်ရင်ဟိုနှင့် များစွာမကွာခြားသည့် အလေးပေးချက်ဖြင့်) ဒုတိယနေရာတွင် ကြေးဖွင့်ထားကြောင်းသိရှိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ထိန်းသိမ်းရန် မလွယ်ကူ တော့ဘဲ နည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင်က ချန်ပီယံဆုကို မမျှော်လင့်နိုင်တော့ကြောင်း၊ ထိပ်ဆုံး(၄)သင်း စာရင်းဝင်ရန်အတွက်သာ ပစ်မှတ်ထားတော့မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် ကလော့ပ်၏အမည်မှာ ထိပ်ဆုံးသို့ အလျင်အမြန်ရောက်ရှိလာခြင်းဖြစ်သည်။

ကလော့ပ်သည် လက်စတာနှင့် လီဗာပူးလ်တို့ ကစားခဲ့သည့်ပွဲမတိုင်မီ စနေနေ့နံနက်ပိုင်းက Betfair  ၏ လောင်းကြေးဖွင့်မှုတွင် (၅၀း၁)လေးသာရှိခဲ့ရာမှ လက်စတာအား ရှုံးနိမ့်ခဲ့ပြီး နောက် (၅း၆)လေးသို့ အလျင်အမြန်ပြောင်းလဲသွားခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်းအ နေဖြင့် (၃)ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းမှာ ၂၀၁၄ နိုဝင်ဘာ လနောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယာဂန်ကလော့ပ်၏လက်ထက်တွင်လည်း ပထမဆုံးကြုံတွေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်(၁၀)ပွဲတွင် အများဆုံးရရှိနိုင်သည့် ရမှတ် (၃၀)မှတ်ထဲမှ (၂၁)မှတ်အထိဆုံးရှုံးခဲ့ပြီး (၉)မှတ်သာ ရယူနိုင်ခဲ့သည်။ 

ပြိုင်ဘက် မန်စီးတီးအသင်းမှာမူ နောက်ဆုံးပရီးမီးယားလိဂ်(၁၀)ပွဲ တွင် ရမှတ်(၃၀)မှတ်စလုံးကို အပြည့်အဝရယူနိုင်ခဲ့သည်။

Most Read

Most Recent