ဆန်ချိုအား မန်ယူထက် လက်ဦးမှုရယူရန် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ် ဆန္ဒရှိ

ဆန်ချိုအား မန်ယူထက် လက်ဦးမှုရယူရန် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ် ဆန္ဒရှိ
Photos : Getty Images
Photos : Getty Images
Published 14 February 2021

 

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်သည် ဒေါ့မွန်အသင်းမှ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုအား ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ၎င်းအားခေါ်ယူ လိုနေသည့် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်းထက် လက်ဦးမှုရယူရန် ဆန္ဒရှိနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ဆန်ချိုသည် မန်ယူအသင်းရေရှည်ပစ်မှတ်ထားသည့် ကစားသမားဖြစ်ပြီး လာမည့်နွေရာသီတွင် မန် ယူအသင်းအနေဖြင့် ၎င်းကို ကမ်းလှမ်းဖွယ်ရှိနေသည်။ 

ဂျာမန်ရုပ်သံ Sport 1 တွင်ဖော်ပြခဲ့သောသတင်းအရ တူဟယ်လ်သည် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများထံ ဆန်ချိုကို အရခေါ်ယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent