စပီဇီယာအသင်းကို အမေရိကန်လုပ်ငန်းရှင် ရောဘတ်ပလာတက်ဝယ်ယူပြီးနောက် စီးရီးအေတွင် နိုင်ငံသားခြားပိုင်ဆိုင်သည့်ကလပ် ခုနစ်သင်းအထိရှိလာ

စပီဇီယာအသင်းကို အမေရိကန်လုပ်ငန်းရှင် ရောဘတ်ပလာတက်ဝယ်ယူပြီးနောက် စီးရီးအေတွင် နိုင်ငံသားခြားပိုင်ဆိုင်သည့်ကလပ် ခုနစ်သင်းအထိရှိလာ
Photos : Getty Images
Photos : Getty Images
Published 14 February 2021

ီးရီးအေကလပ် စပီဇီယာ အသင်းကို အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ရောဘတ်ပလာတက်က ဝယ်ယူခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲတွင် နိုင်ငံခြားသားပိုင်ဆိုင်သည့် ကလပ်အသင်း ခုနစ်သင်းအထိရှိ လာပြီဖြစ်ကြောင်း သိရသည်။

ရောဘတ်ပလာတက်သည် စပီဇီယာအသင်းအား ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှု အထောက်အထားကို တရားဝင်ဖော်ပြခြင်းမရှိသော်လည်း ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း သိရသည်။ "စပီဇီယာအသင်းကို ဝယ်ယူခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပျော်ရွှင်ရပါတယ်။ စီးရီးအေဆိုတာ ထိပ်တန်းအဆင့်ပြိုင်ပွဲပါ။ အီတလီကလပ် တစ်ခုနဲ့ မိတ်ဖက်ပြုလုပ်ခွင့်ရမယ့် အခွင့်အရေးကို အချိန်တစ်ခုပေးပြီး စောင့်ခဲ့ရတာပါ။ ဒီကလပ်ရဲ့ ကျင့်ဝတ်ပိုင်း၊ အတွေးအမြင်နဲ့ လုပ်ငန်းတာဝန်တွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်" ဟု ပလာတက်မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ စီးရီးအေပြိုင်ပွဲတွင် နိုင်ငံခြားသား ပိုင်ဆိုင်သည့်ကလပ် ခုနစ်သင်းရှိလာပြီဖြစ်သလို ၎င်းတို့ အနက် အမေရိကန်ရင်းနှီးမြှုပ်နှံသူများပိုင်ဆိုင်ထားသည့်ကလပ်မှာ ငါးသင်းအထိရှိကြောင်း သိရသည်။ စီးရီးအေတွင် နိုင်ငံခြားသားပိုင်ဆိုင်ထားသည့်ကလပ်များမှာ မီလန်မြို့ခံ ဒါဘီပြိုင်ဘက် အေစီမီလန်နှင့် အင်တာမီလန်၊ ရိုးမား၊ ဖီအိုရင်တီးနား၊ ပါးမား၊ ဘိုလော့ဂ်နာနှင့် စပီဇီယာ အသင်းတို့ဖြစ်ပြီး အမေရိကန်ပိုင်ဆိုင်သည့်ကလပ် ငါးသင်း၊ တရုတ် နှင့် ကနေဒါက ပိုင်ဆိုင်သည့်တစ်သင်းစီ ပါဝင်နေသည်။ 

၎င်းတို့ အနက် အစားအသောက်လုပ်ငန်းလုပ်ကိုင်ပြီး ဒေါ်လာ ၄ ဒသမ ၈ ဘီလျံ ချမ်းသာသည့် ကနေဒါနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဂျိုယေးဆာပူတိုက ဘိုလော့ဂ်နာအသင်းကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ မီဒီယာနှင့် ပစ္စည်းလက်လီရောင်းချမှု လုပ်ငန်းလုပ်ကိုင်ပြီး ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ ချမ်းသာသည့် တရုတ် စီးပွားရေးလုပ်ငန်းရှင် ကျန်းကျင်း တောင်ပိုင်ဆိုင်သည့် Suning Holding Group က အင်တာမီလန် အသင်းကို ၂၀၁၆ ခုနှစ်တွင်လည်း ကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ် ကိုင်ပြီး ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ချမ်းသာသည့် အမေရိကန်အခြေ စိုက် Elliott Management Corporation က အေစီမီလန်အသင်း ကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ ရုပ်သံလုပ်ငန်းလုပ်ကိုင်ပြီး ဒေါ်လာ ၅ ဒသမ ၅ ဘီလျံချမ်းသာသည့် အီတလီ-အမေရိကန် စီးပွားရေးလုပ် ငန်းရှင် ရော့ကိုကွန်မစ်ဆိုက ဖီအိုရင်တီးနားအသင်းကို ၂၀၁၉ ခုနှစ် တွင်လည်းကောင်း၊ အားကစားစျေး ကွက်မြှင့်တင်ရေးနှင့် ရုပ်သံထုတ် လွှင့်မှုလုပ်ငန်း လုပ်ကိုင်ပြီး ဒေါ်လာ သုံးဘီလျံချမ်းသာသည့် အမေရိကန် အခြေစိုက် Krauser Group က ပါး မားအသင်းကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း၊ မော်တော်ယာဉ်နှင့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်ပြီး ဒေါ်လာ ၄ ဒသမ ၁ ဘီလျံချမ်းသာ သည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဒန်ဖရိုင်းကင်ပိုင်ဆိုင်သည့် The Friedkin Group က ရိုးမားအသင်း ကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီးရီးဘီပြိုင်ပွဲတွင်လည်း ရုရှားနှင့် အမေရိကန်ပိုင်ဆိုင်သည့် တစ်သင်းစီ၊ စီးရီးစီပြိုင်ပွဲတွင် ဗြိတိန်၊ ပြင်သစ်နှင့် သြစတြေးလျတို့ပိုင်ဆိုင်သည့် တစ်သင်းစီ ရှိနေသည်။

Most Read

Most Recent