(၁၈)နှစ် (၁၅)ယောက်နဲ့ အပြာရောင်အပြောင်းအလဲများ

(၁၈)နှစ် (၁၅)ယောက်နဲ့ အပြာရောင်အပြောင်းအလဲများ
Photos : Getty Images, AFP
Photos : Getty Images, AFP
Published 31 January 2021
Wai Yan Aung

သောမတ်စ်တူဟယ်လ်က ချယ်လ်ဆီးအ သင်းကို ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံး၈ျာမန်နည်း ပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မိုဗစ်ချ် မပိုင်ဆိုင်ခင် ချယ်လ်ဆီးအသင်းရဲ့ နည်းပြစာရင်း မှာ အင်္ဂလန်၊ စကော့တလန်နည်းပြတွေသာ အများဆုံးနေရာယူခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်မှာ မှ ချယ်လ်ဆီးအသင်းက ကမ္ဘာဆန်လာခဲ့တာပါ။ နယ်သာလန်နည်းပြ ဂူးလစ်၊ အီတလီနည်းပြ ဗီယာလီတို့ ကိုင်တွယ်ခွင့် ရလာခဲ့တာပါ။ မိုဗစ်ချ် လက်ထက်မှာတော့ အင်္ဂလန်နည်းပြတွေရဲ့ အ ခန်းကဏ္ဍ အဆုံးသတ်သလို ဖြစ်သွားခဲ့ရပြီး တရားဝင်နည်းပြအဖြစ် တာဝန်ပေးခံရတဲ့ တစ် ဦးတည်းသော အင်္ဂလန်နိုင်ငံသားက လမ်းပတ် ပဲ ရှိခဲ့ပါတယ်။ ဒါကိုကြည့်ရင် အေဘရာမိုဗစ်ချ် က လမ်းပတ်ကို ထူးခြားတဲ့ အခွင့်အရေးပေးခဲ့ တယ်လို့လည်း ဆိုနိုင်ပါတယ်။ နည်းပြတွေကို လျော်ကြေးပေးထုတ်ပယ်ဖို့တောင် ဝန်မလေးတဲ့ မိုဗစ်ချ်အတွက် ထိပ်တန်းနည်းပြတွေကို ခေါ်ယူ ခန့်အပ်ဖို့ဆိုတာလည်း ဘာမှ မခက်ခဲပါဘူး။ ဒါ ပေမဲ့ သူက ကစားသမားဘဝမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သူ လမ်းပတ်ကို အခွင့်အရေးပေးခဲ့ပါတယ်။ ငွေကြေးများစွာ ရင်း နှီးမြှုပ်နှံပြီး လည်ပတ်နေရတဲ့ ဘောလုံးအသင်း တစ်သင်းအတွက် နည်းပြရွေးချယ်မှုဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားကို ချောင်ထိုးထားလို့ ရနိုင်ပေမဲ့ နည်းပြကိုတော့ အပြောင်းအလဲလုပ်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိပါဘူး။ ပုဂ္ဂိုလ်ရေးသံယော ဇဉ်ကို ရှေ့တန်းတင်လို့လည်း မရနိုင်ပါဘူး။ 

 

Most Read

Most Recent