ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင် ပျမ်းမျှကုဗပေသန်း ၅၀၀ ခန့်၊ ပြည်ပမှတင်သွင်းသည့်ရေနံစိမ်းကို ကုဗမီတာ ၃၅၀၀ ခန့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့်ပို့ဆောင်လျက်ရှိ

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင် ပျမ်းမျှကုဗပေသန်း ၅၀၀ ခန့်၊ ပြည်ပမှတင်သွင်းသည့်ရေနံစိမ်းကို ကုဗမီတာ ၃၅၀၀ ခန့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့်ပို့ဆောင်လျက်ရှိ
 ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်ရေးစခန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- SEAGP & SEAOP)
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်ရေးစခန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- SEAGP & SEAOP)
Published 8 January 2021
နီလာ

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင် ပျမ်းမျှကုဗပေသန်း ၅၀၀ ခန့်ကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းသည့်ရေနံစိမ်းကို တစ်ရက်လျှင် ပျမ်းမျှကုဗမီတာ ၃၅၀၀ ခန့်ကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင်လျက်ရှိကြောင်း အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီ SEAGP မှ Deputy Director ဖြစ်သူ မစ္စတာရှီဒေါင်လင်ကပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွပ်ကဲရေးရုံးသို့  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးစဉ် မစ္စတာရှီဒေါင်လင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီ SEAGP မှ Deputy Director ဖြစ်သူ မစ္စတာရှီဒေါင်လင်က  SEAGP သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင် ပျမ်းမျှကုဗပေ သန်း ၅၀၀ ခန့်၊ အရှေ့တောင်အာရ ှရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ SEAOP သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်ပမှတင်သွင်းသည့် ရေနံစိမ်းအား တစ်ရက်လျှင် ပျမ်းမျှ ကုဗမီတာ ၃၅၀၀ ခန့်ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထိုသို့ပို့ဆောင်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေးအတွက် မန္တလေးပင်မထိန်းချုပ်စခန်း၊ ကျောက်ဖြူ၊မဒဲကျွန်း၊ဆင်ခုံတိုင်၊ ရေနံချောင်း၊ တောင်သာ၊ ပြင်ဦးလွင်၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နေပြည်တော်စခန်းများမှ ပိုက်လိုင်းအား အချိန်ပြည့်စောင့်ကြည့်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ရေနံစိမ်းပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာရှည်လျားပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။

၂၀၁၉ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ရေနံစိမ်းတန်ချိန်ငါးသန်းဝန်းကျင်တင်သွင်းနိုင်ခဲ့ရာ ယခင်နှစ်ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနက ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည့် တင်သွင်းမှုစာရင်းအချက်အလက်များအရ သိရသည်။

ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ခြောက်လအတွင်း တင်သွင်းခဲ့သည့် သဘာဝဓာတ်ငွေ့ပမာဏမှာ တန်ချိန် ၁ ဒသမ ၆၈ သန်း (ကုဗမီတာ ၂ ဒသမ ၅ ဘီလျံ) ဝန်းကျင်ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ရာခိုင်နှုန်း  ကျဆင်းခဲ့သည်။ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့များ၏ တန်ဖိုးပမာဏသည် ယွမ် ၅ ဒသမ ၈၉ ဘီလျံ (ဒေါ်လာ သန်း ၈၀၀ ကျော်) ဖြစ်သည်။

 

Most Read

Most Recent